Follow Us

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသော e-Government အထောက်အကူပြု MCPA, ICT Tour နယ်လှည့်နည်းပညာဟောပြောပွဲ ထားဝယ်မြို့၌ ကျင်းပ

Tue, 05/28/2019 - 19:12

(၂၇.၅.၂၀၁၉) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသော e-Government အထောက် အကူပြု MCPA, ICT Tour နယ်လှည့်နည်းပညာဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကားပြောကြားရာတွင် သတင်းအချက်အလက်နည်းပညာခေတ်တွင် မြန်မာနိုင်ငံ၏ ICT လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် နိုင်ငံတကာ နှင့် ရင်ဘောင်တန်းနိုင်ရန် တိုင်းဒေသကြီးတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး  နည်းပညာ(ICT)ကို စနစ်တကျ အသုံးချဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရကလည်း အုပ်ချုပ်ရေးယန္တရား၌ ICT ကို အသုံးပြုနိုင်၍ ပြည်သူပြည်သားများအတွက် ဝန်ဆောင်မှုပေးနိုင်အောင် e-Government ဦးဆောင်ကော်မတီနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်းများအနေဖြင့် ကိုယ်တိုင် Digital Awareness များ ပိုမိုအားကောင်း လာပြီး တိုင်းဒေသကြီးအတွင်း e-Government လုပ်ငန်းများ အကောင်အထည်ဖော်မှုကို နိုင်ငံ့ဝန်ထမ်းများမှတစ်ဆင့် ဒေသခံပြည်သူများထံ ဆင့်ပွားအသိပေးနိုင်ခြင်းဖြင့် ရှေ့ဆက်မည့် လုပ်ငန်းများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်‌ က အီလက်‌ထ‌‌ရောနစ် အစိုးရ  (e-Government) ၏    ရည်‌မှန်းချက်‌များ နှင့်   နယ်‌ပယ်‌များ ၊   အကျိုးသက်‌‌ရောက်‌မှုများ၊

e-Government ၏ အဓိကစိန်‌‌ခေါ်မှုများ‌နှင့် အောင်‌မြင်‌ရေးသော့ချက်‌များ၊ e-Government ၏ ‌အောင်‌မြင်‌‌သော စွမ်းရည်‌တည်‌‌ဆောက်‌ခြင်းရလဒ်‌များ အ‌ကြောင်းအရာတို့ကို လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးရဲကျော်သိန်းက e-Government Infrastructure, Security and Privacy Issues အ‌ကြောင်းအရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ် အမှုဆောင် အဖွဲ့ဝင် ဦး‌အေး‌ကျော်‌လှိုင်‌ က Current Trends in Digital Economy အ‌ကြောင်းအရာများကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်‌‌ရောက်‌လာသူများက သိရှိလိုသည်‌များ‌ မေးမြန်းခဲ့ရာ တာဝန်‌ ရှိသူများက ပြန်‌လည်‌‌ ရှင်းလင်းဖြေကြားခဲ့‌ပါသည်။

          အဆိုပါနယ်လှည့် နည်းပညာပေးဟောပြောပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စုရာထူး        ဝန်အဖွဲ့မှ ဒုတိယအတွင်းဝန် ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများစုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ ပါသည်။

(တိုင်းဒေသကြီးပြန်/ဆက်)