Follow Us

မြန်မာနိုင်ငံတွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး တနင်္သာရီတိုင်းဒေသကြီး၊လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

Tue, 05/28/2019 - 19:09

(၂၇.၅.၂၀၁၉) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရုံး Community Centre ခန်းမ၌ မြန်မာနိုင်ငံ တွင်းထွက် သယံဇာတတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး တနင်္သာရီတိုင်းဒေသကြီးလုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(Sub- National Coordination Unit-SNU)လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲအခမ်းအနားကို  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးလှထွေး က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့မှ ဦးစံငွေ က SNU ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအား လည်းကောင်း ၊ ဦးအောင်လွင် က သဘာဝသယံဇာတ အရင်းအမြစ်တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော် ဆောင်ရေး (EITI) လုပ်ငန်းစဉ်နှင့် လက်ရှိမြန်မာနိုင်ငံ EITI အကောင်အထည်ဖော်မှုအား လည်းကောင်း ၊ တနင်္သာရီတိုင်းဒေသကြီး၊ သတ္တုတွင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော် က သတ္တုတွင်းလုပ်ငန်း အသေးစား၊ အလတ်စား၊ လက်လုပ် လက်စားသတ္တုလုပ်ကိုင်ခွင့် လျှောက်ထားခြင်း၊ ခွင့်ပြုခြင်းများအား လည်းကောင်း ဆွေးနွေးခဲ့ကြပါ သည်။         

          ထို့နောက်တက်ရောက်လာသော ကိုယ်စားလှယ်များ က သတ္တုလုပ်ကွက်စောင့်ကြည့်ရေး အဖွဲ့အစီရင်ခံစာအပေါ်အရေးယူဆောင်ရွက်ခြင်းများအား ဆွေးနွေးပြီး SNU သုံးပွင့်ဆိုင် လုပ်ငန်း ညှိနှိုင်းဖော်ဆောင်ရေးရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။           

ထားဝယ်ခရိုင်(ပြန်/ဆက်)                                                                 

ပေးပို့သူ-ဦးဝင်းထွေး(IPRD)