Follow Us

တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၄/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Mon, 05/27/2019 - 21:13

ယနေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၄/၂၀၁၉)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားရာတွင်   လယ်ယာမြေအခြားနည်း အသုံးပြုခွင့် လျှောက်ထားလာမှုနှင့် ပတ်သက်ပြီး အချိန်ကြန့်ကြာမှုမရှိစေရန် ခရိုင်/မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လစဉ်အစည်းအဝေးပြုလုပ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ထားဝယ်ခရိုင်တွင် လူဦးရေများပြားလာသည့်အတွက် လယ်ယာမြေများအပေါ် လူနေထိုင်မှုများရှိလာသဖြင့် စီမံချထား ပေးသင့်သည့် မြေနေရာများ ရွေးချယ်ချထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က ဆွေးနွေးပြောကြား ရာတွင် လယ်ယာမြေအခြားနည်းအသုံးပြုလျှောက်ထားမှုအား ခရိုင်/ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ကကွင်းဆင်းစစ်ဆေးမှုဓာတ်ပုံနှင့်တင်ပြရန်၊ အခြားနည်းအသုံးပြုအမှုတွဲများသည် အချိန်ကြန့်ကြာ မှုရှိနေသည့်အတွက် လုပ်ငန်းဆောင်ရွက်သူများ ရင်းနှီးမြှုပ်နှံသူများသည် ခွင့်ပြုမိန့်မစောင့်ဘဲ လုပ်ငန်း ဆောင်ရွက်မှုများ ရှိနေသည်ကိုတွေ့ရှိရကြောင်း၊ ဥပဒေနှင့်မညီသည့် မြေယာပြုပြင်ခြင်း၊ အဆောက်အဦ ဆောက်လုပ်နေခြင်းများအား ဥပဒေနှင့်အညီ ဖျက်သိမ်းအရေးယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လယ်ယာမြေအခြားနည်းအသုံးပြုခွင့်ရရှိပြီးပါက (၆)လအတွင်း အကောင်အထည်ဖော် ဆောင်ရွက် ထားရှိမှုရှိ/မရှိ စစ်ဆေးဆောင်ရွက် သွားရန်တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အဖွဲ့ဝင်များမှ လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။