Follow Us

နေပြည်တော်သို့ လေ့လာရေးခရီးစဉ် သွားရောက်မည့်သူများအား တွေ့ဆုံအမှာစကား ပြောကြား

Mon, 05/27/2019 - 20:36

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာနမှ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာတွေ့ဆုံနိုင်ရန်၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ ဖလှယ်ရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ခိုင်မာလာစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့များအား (၂၇.၅.၂၀၁၉) ရက်နေ့မှ (၃၁.၅.၂၀၁၉) ရက်နေ့အထိ နေပြည်တော်သို့ လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးမည်ဖြစ်ရာ နေပြည်တော်သို့ သွားရောက်မည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့များအား တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောလုကာမှ ထားဝယ်မြို့နယ် စုပေါင်းရုံးဝင်း အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၌ တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ရာ တွင် ယခုကဲ့သို့ လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးခြင်းအားဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ အချင်းချင်းရိုင်းပင်းကူညီတတ်သော စိတ်ဓာတ် များပိုမိုဖြစ်ထွန်းလာပါသဖြင့် ဝမ်းသာပါကြောင်း၊ နောက်နောင်တွင်လည်း ယခုကဲ့သို့ စည်းလုံး ညီညွတ်စွာဖြင့် ရပ်ရွာအကျိုး၊ နိုင်ငံအကျိုးများ စုပေါင်းသယ်ပိုးဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါခရီးစဉ်ကို တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာနမှ အရာထမ်း(၂)ဦး၏ ဦးဆောင်မှုဖြင့်  တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း/ အဖွဲ့များဖြစ်သည့် ထားဝယ်၊ ကရင်၊ မွန် နှင့် ဆလုံ စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များမှ တိုင်းရင်းသား(၁)မျိုးလျှင် ကြီးကြပ်သူအပါအဝင်(၁၁)ဦးစီဖြင့် (၄၄)ဦး၊  စုစုပေါင်း(၄၆)ဦးတို့သည် ထားဝယ်မြို့မှ နေပြည်တော်သို့ လေ့လာရေးခရီးစဉ် သွားရောက်မည် ဖြစ်ပါကြောင်း သိရှိရပါသည်။