Follow Us

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

Wed, 10/05/2016 - 15:09

Vertical Tabs

About Topic

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ

  မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် ပြည်သူများအတွက် နေရေးအခန်းကဏ္ဍတွင် ကောင်းကျိုးခံစားမှုရရှိစေရန် မြို့ပြနှင့်စည်ပင်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောက်ပါလုပ်ငန်းတာဝန်များ ကို ဆောင်ရွက်လျက်ရှိပါသည်-
    - နိုင်ငံတော်တစ်ဝန်းရှိ မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းများရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
   - နိုင်ငံတစ်ဝန်းတွင် အိမ်ရာဖွံ့ဖြိုးရေးအတွက် စီမံကိန်းများရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
    - ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အစိုးရပိုင်မြေများနှင့် မြို့သစ်များရှိ မြေများအား ထိန်းသိမ်းစီမံခန့်ခွဲခြင်း၊
    - နိုင်ငံပိုင်အဆောက်အအုံများနှင့် အိမ်ရာများကို စီမံခန့်ခွဲခြင်း၊
    - နိုင်ငံတစ်ဝန်းရှိ မြို့ရေပေးရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများအတွက် စူးစမ်းလေ့လာမှုများ ပြုလုပ်ခြင်းနှင့် စီမံကိန်းရေးဆွဲခြင်း၊
    - ရန်ကုန်မြို့တော် မြေအောက်ရေထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊
    - နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းအရနှင့် ဘဏ္ဍာငွေအရင်းအမြစ်အရ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဘဏ္ဍာငွေများကို စီမံခန့်ခွဲခြင်း၊
    - နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပံ့ပိုးဆောင်ရွက်ခြင်း၊
    - အဖွဲ့အစည်းများမှ တာဝန်ပေးအပ်သည့် ဒေသဖွံ့ဖြိုးရေး၊ အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊

ဦးစီးဌာန၏ လုပ်ငန်း/ အကြောင်းအရာအလိုက် ဆောင်ရွက်သည့် လုပ်ထုံးလုပ်နည်းများ

    - မြို့သစ်၊ အိမ်ရာမြေကွက်များ တည်ဆောက်နေရာချထားပေးသည့် စီမံကိန်း    
      (Site and Service Schemes)
    - မြို့ပြ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း(Urban Development Schemes) 
    - အဆင့်နိမ့်ရပ်ကွက်/ ကျေးရွာနှင့် မြို့များ အဆင့်မြှင့်တင်သည့် စီမံကိန်း
    - နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်း
    - တဲပေါ်မှ တိုက်ပေါ်သို့ အိမ်ရာစီမံကိန်း
    - တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ ဆောင်ရွက်ခြင်း
    - စက်မှုဇုန်များ တည်ဆောက်ပေးခြင်း
    - အကျိုးတူဆောင်ရွက်ခြင်း (အိမ်ရာစီမံကိန်း+စက်မှုဇုန်)
    - မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း နည်းဥဒေများကို အသုံးပြု၍ နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့် အိမ်ရာများဆောက်လုပ်ခြင်း၊ နိုင်ငံတော်နှင့် ပြည်သူတို့ပူးပေါင်းရင်းနှီး၍ တန်ဖိုးနည်း၊ တန်ဖိုးလတ်စသည့် စုပေါင်းအိမ်ရာများ ဆောက်လုပ်ခြင်းနည်းလမ်းများဖြင့် အိမ်ရာပြဿနာများကို အကြောင်းအရာအလိုက် ဆောင်ရွက်လျှက်ရှိသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒေသန္တရဆိုင်ရာ နယ်မြေဒေသဖွံ့ဖြိုးရေး စီမံကိန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ပူးပေါင်း၍ နိုင်ငံတော်မှ အတည်ပြုထားသည့်မူဝါဒများနှင့်အညီ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး နည်းဗျူဟာများ ချမှတ်၍ နိုင်ငံတစ်ဝှမ်း မြို့ပြနှင့်ဒေသ စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ ရေးဆွဲသည့်လုပ်ငန်းများ ဆောင်ရွက်ရပါသည်။

Office Address and Location Map
Location Map: