Follow Us

ထီးခီးဒေသစက်မှုလက်မှုလုပ်ငန်းစီမံကိန်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Tue, 04/30/2019 - 23:20

ယနေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည့် ထီးခီးဒေသစက်မှုလက်မှုလုပ်ငန်းစီမံကိန်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် မှ အဖွင့်အမှာစကားပြောကြားရာတွင် ထီးခီးဒေသစက်မှုလက်မှုလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများ သိရှိနိုင်စေရန် အစိုးရအဖွဲ့ နှင့် Mae Tha Mee Khee Region Industrial Company Iimited မှ တာဝန်ရှိသူတို့နှင့် လိုအပ်သလို အမြဲတွေ့ဆုံသွားမည်ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ညွှန်ကြားချက်၊ အကြံပြုချက်များအား ကုမ္ပဏီအနေဖြင့် လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ လိုအပ်ချက်များအား တစ်ဆင့်ပြီးတစ်ဆင့် ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ပါက အထိုက်အလျောက် တိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကိုလည်း အစိုးရအဖွဲ့မှ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထီးခီးဒေသစက်မှုလက်မှုလုပ်ငန်းနယ်မြေတည်ထောင်နိုင်ရေးနှင့်ပတ်သက်၍ Mae Tha Mee Khee Region Industrial Company Iimited ၏ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေ အနေအဆင့်ဆင့်အားတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ အကြံပြုချက်များ ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို (၁၂:၀၀) နာရီအချိန် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။