Follow Us

တနင်္သာရီတိုင်းဒေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

Tue, 04/30/2019 - 22:38

ယနေ့ မွန်းလွဲ (၁၄:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာစကား ပြောကြားရာတွင် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဒေသလိုအပ်ချက်များအား တင်ပြစေလိုကြောင်း၊ ဌာနအလိုက်တင်ပြသည့် လုပ်ငန်း လိုအပ်ချက်များကို မိမိတို့အနေဖြင့် လုပ်ငန်းကဏ္ဍအလိုက်ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ပေါင်းစပ်သည့်အခါ ဟန်ချက်ညီညီဖြင့် ပြည်သူတို့၏အကျိုးစီးပွားကို ရှေးရှုပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများသည် ပြည်သူတို့၏အကျိုးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ပါက ပိုမိုကောင်းမွန်သည့် တိုင်းဒေသကြီး ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာကြသည့်  တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တင်ပြလိုသည်များ ဆွေးနွေးတင်ပြခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို မွန်းလွဲ(၁၄:၄၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။