Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်အဖွဲ့ ဆလုံတိုင်းရင်းသား များ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်

Tue, 04/30/2019 - 16:28

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဆောင်သည့်အဖွဲ့ ဧပြီလ ၂၇ ရက်နေ့ မှ ၂၈ ရက်နေ့ အထိ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု အတွင်းရှိ ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆောင်ရွက်မှုတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ထောက်ပံ့ဆန်များအား ပေးအပ်နိုင်ရေး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ ဦးဆောင်သော ဆလုံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များသည် ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စုအတွင်းရှိ ဆလုံတိုင်းရင်းသားများကျေးရွာများဖြစ်သည့်  မကြုံဂလက် ကျေးရွာအတွက် ဆန်(၂၀၀)အိတ်၊ ညောင်ဝိကျေးရွာအတွက် ဆန်(၁၀၀)အိတ်၊  ဂျလန်းကျေးရွာ အတွက် ဆန်(၉၅)အိတ် နှင့် ဂျအုန်းကျေးရွာအတွက် ဆန်(၁၇)အိတ်၊ စုစုပေါင်း ဆန်(၄၁၂)အိတ်အား အိမ်ထောင်စုအရေအတွက်အလိုက်  ကျေးရွာများအရောက် လိုက်လံထောက်ပံ့ပေးအပ် ခဲ့ခြင်းဖြစ် သည်။
ထိုအပြင် ခရီးစဉ်အတွင်း အဆိုပါကျေးရွာများရှိ ဆလုံတိုင်းရင်းသားများမိသားစုများအတွက် မိသားစုစားဝတ်နေရေး၊ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းသုံး ငါးဖမ်းလှေငယ်များ ထောက်ပံ့ပေး အပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာများအလိုက် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များ အား ကျေးရွာပြည်သူများနှင့် တွေ့ဆုံမေးမြန်းပြီးလိုအပ်သည်များကို ပံ့ပိုးဖြည်းဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။
အဆိုပါခရီးစဉ်တွင် ကော့သောင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေထွန်း၊ ဘုတ်ပြင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းဆွေမြင့်၊ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဘုတ်ပြင်းမြို့နယ်အုပ်ချုပ် ရေးမှူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းရေးသားပေးပို့သူ   -   ကျော်စိုး (ကော့သောင်း)