Follow Us

ထားဝယ်မြို့၊ ကမ်းနားလမ်း ကွန်ကရစ်လမ်းပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေး

Wed, 10/05/2016 - 13:03

  

ထားဝယ် အောက်တိုဘာ ၅

           တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် (၄.၁၀.၂၁၀၆) ရက်နေ့ (၁၀;၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ကမ်းနားလမ်း ကွန်ကရစ်လမ်းပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးစံချိန်စံညွှန်းနှင့်အညီ စနစ်တကျပြုလုပ်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။