Follow Us

နိုင်ငံတော်ဩဝါဒါစရိယသာသနာ့ဓဇ သီရိပဝါရဓမ္မာစရိယ မဟာဂန္ထဝါစကပဏ္ဏိတ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဘဒ္ဒန္တကဝိန္ဒာစာရအား ကြိုဆို/ပင့်ဆောင်ပူဇော်ပွဲ အခမ်းအနား

Sun, 04/28/2019 - 19:14

ယနေ့၊ နံနက် (၀၇:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များတို့သည် ထားဝယ်မြို့နယ်၊ သပြေချောင်းရွာ၊ ငါးကျဲအင်းဘုန်းတော်ကြီးကျောင်း တွင် နိုင်ငံတော်ဩဝါဒါစရိယသာသနာ့ဓဇ သီရိပဝါရဓမ္မာစရိယ မဟာဂန္ထဝါစကပဏ္ဏိတ အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော် ဘဒ္ဒန္တကဝိန္ဒာစာရအား ကြိုဆို/ ပင့်ဆောင်ပူဇော်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။