Follow Us

မြိတ်အကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား/သူ စုစုပေါင်း (၉၂)ဦး လွတ်ပေး

Sun, 04/28/2019 - 17:02

နိုင်ငံတော်သမ္မတရုံး၏  ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်း အမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူသားချင်း စာနာထောက်ထားမှု ကို အလေးထားသောအားဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ(၄၀၁) ပုဒ်မခွဲ(၁)အရ ဧပြီလ(၂၆)ရက်တွင် မြိတ် အကျဉ်းထောင်မှ  အကျဉ်းသား/သူ စုစုပေါင်း(၉၂)ဦးကို  လွတ်ပေးခဲ့ကြောင်း သိရသည်။

                ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် မြိတ်အကျဉ်းထောင်တွင် နေ့လယ်(၂)နာရီက အကျဉ်းသား(၇၄)ဦး၊ အကျဉ်းသူ(၁၈)ဦး စုစုပေါင်း(၉၂)ဦးလွတ်ပေးရာ၌ ဒုတိယမြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့် နှင့် မြိတ်အကျဉ်းထောင် တာဝန်ခံအရာရှိ ဦးကျော်ကျော်ဦးတို့က လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား/သူများအား မြိတ်အကျဉ်းထောင်ရှိ ဓမ္မာရုံတွင် ဆုံးမစကားများ ပြော ကြားခဲ့ကြပြီး အကျဉ်းသား/သူများအား တာဝန်ရှိသူများက ထောင်လွတ်လက်မှတ်နှင့် စားစရိတ်၊ ခရီးစရိတ် ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရိုက်ကူးပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )