Follow Us

ဘဝနတ်ထံပျံလွန်တော်မူသော စော်ဖျားကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ အန္တိမဈာပနာအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က အလှူငွေလှူဒါန်းခဲ့

Fri, 04/26/2019 - 23:41

ယနေ့၊ ညနေ(၁၆:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်၊ စော်ဖျားကျေးရွာ၊ စော်ဖျားကျောင်းတိုက်မှ ဘဝနတ်ထံပျံလွန်တော်မူသွားသော ဘဒ္ဒန္တဉာဏိန္ဒ သက်တော် (၁၀၀)နှစ်၊ သိက္ခာတော်(၈၀)ဝါ၏ အန္တိမဈာပနာသို့ သွားရောက်၍ အလှူတော်ငွေ (၅၀၀၀၀၀) (ကျပ်ငါးသိန်းတိတိ)အား လှူဒါန်းခဲ့ပါသည်။