Follow Us

Myanmar Solar Energy International Co.,Ltd နှင့် MEPCOM OFFSHORE AND MARINE PTE.Ltd တို့မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများ၊ ရင်းနှီမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကျင်းပ

Wed, 04/24/2019 - 00:53

ယနေ့ ၊ မွန်းလွဲ (၁၄:၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစည်းအဝေးခန်းမ(၂) ၌ Myanmar Solar Energy International Co.,Ltd နှင့်  MEPCOM OFFSHORE AND MARINE PTE.Ltd တို့မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများ၊ ရင်းနှီမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည့် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ် နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ မှ အမှာစကားပြောကြားရာတွင် MEPCOM Group Co.Ltd အနေဖြင့် တစ်ယူနစ်နှုန်းထားကို နီးစပ်ဆုံး ဖြစ်နိုင်ဆုံး ဖြေကြားပေးစေလိုကြောင်း၊ တစ်ယူနစ်နှုန်းထားသိရှိမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်/ ဖြန့်ဖြူးခြင်းအတွက် ကုမ္ပဏီအား လျာထားမှာဖြစ်ကြောင်း၊ မကြာမီ (၃)နှစ်အတွင်း မဟာဓာတ်အား လိုင်းရောက်လာလျှင် တစ်ယူနစ်ကို ၃၅ ကျပ်နှုန်းသာ ကျသင့်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် GGS ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်လျက်ရှိပြီး စာချုပ်သက်တမ်း (၃)နှစ် ကျန်ရှိလျက်ရှိ၍ ကျန်ကာလ များနှင့်ပတ်သက်ပြီး ပြီးပြတ်ဆွေးနွေးပြီးမှသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်

          ထို့နောက် တက်ရောက်လာသည့်ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးကို ညနေ(၁၆:၁၅)နာရီအချိန်တွင် ပြီးစီးခဲ့ ကြောင်း သတင်းရရှိပါသည်။