Follow Us

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

Tue, 10/04/2016 - 14:29

Vertical Tabs

About Topic

 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ လုပ်ငန်းတာဝန်များ
  တိုင်းဒေသကြီးဆိပ်ကမ်းအရာရှိသည် မြိတ်ဆိပ်ကမ်းရုံးတွင် အခြေပြုကာ ကော့သောင်းဆိပ်ကမ်းတွင် ဆိပ်ကမ်းအရာရှိတစ်ဦး ၊ ထားဝယ်ဆိပ်ကမ်းတွင် ဆိပ်ကမ်းအရာရှိတစ်ဦးအား အနီးကပ်ကြီးကြပ်စေလျက် ဆိပ်ကမ်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။ မြိတ်ဆိပ်ကမ်းတွင် စီမံကုန်လုပ်ငန်းဌာန၊ ကိုယ်စားလှယ်လုပ်ငန်းဌာန၊ မြို့ပြအင်ဂျင်နီယာဌာနနှင့် စက်မှုအင်ဂျင်နီယာဌာနခွဲများထားရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များပါအတိုင်း ဆောင်ရွက်လျှက်ရှိပါသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ လုပ်ငန်း၊ အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
   မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းပြီးနောက် ဆိပ်ကမ်းအာဏာပိုင်၏ လက်ရှိဖွဲ့စည်းပုံအား ဖျက်သိမ်း၍ ပုံစံအသစ်ဖြင့် ပြင်ဆင်ရေးဆွဲပြီး ဆိပ်ကမ်း လုပ်ငန်းများအား ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ဆဲဖြစ်ပါသည်။ ၄င်းလုပ်ငန်းစဉ်ဆောင်ရွက်ချက်များပြီးဆုံးမှသာ ဆိပ်ကမ်း၏ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များ ပြင်ဆင်ရေးဆွဲရမည်ဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်အသစ်များအား ပြင်ဆင်ရေးဆွဲပြီးမှသာ တင်ပြသွားနိုင်မည်ဖြစ်ပါသည်။

 

Office Address and Location Map
Location Map: