Follow Us

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်( ၁၂ )ကြိမ်မြောက်ပုံမှန်အစည်းအဝေး ( ပထမနေ့ ) ကျင်းပ

Mon, 04/08/2019 - 23:28

ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်  အစည်းအဝေး(ပထမနေ့) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ  ဦးခင်မောင်အေး ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၇)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ လေ့လာသူသတင်းမီဒီယာ(၂၂)ဦးတို့တက်ရောက်ခဲ့ပြီး အခမ်းအနားမှူး အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဝေနှင့် ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးခိုင် တို့ကဆောင်ရွက် ခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနေရာယူပြီးနောက် အစည်းအဝေး သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦးရှိသည့်အနက် (၂၅)ဦးတက်ရောက်ခဲ့ သဖြင့် စုစုပေါင်း(၈၉.၂၈)ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့်ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေး အထမြောက်ရန် လိုအပ်သောကိုယ်စားလှယ်ဦးရေထက်ကျော်လွန်သည့်အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)အထမြောက် ကြောင်း စတင်ကြေညာသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုကို မှတ်တမ်းတင်ခြင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်ရသုံးမှန်းခြေငွေစာရင်းများအား တိုင်းဒေသကြီလွှတ်တော်သို့တင်သွင်း ခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီမှ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံ ချက်များနှင့်ပြည်သူများ၏တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီ၏ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှ(၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေးအထိကတိကဝတ်သက်ရောက်သည့် အဆို/မေးခွန်းများနှင့်ပြည်သူများ၏တိုင်ကြားစာ အပေါ်ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသည်။

          ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေး ဆိုင်ရာကော်မတီ၏အဖွဲ့ဝင်ဦးရေနှင့်အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့၏အမည် စာရင်း၊ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်နှင့်သက်တမ်းတို့အား ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း နှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြခြင်းနှင့်အတည်ပြုချက်ရယူခြင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏အဖွဲ့ဝင်ဦးရေနှင့်အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူး တို့၏အမည်စာရင်းကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်နှင့်သက်တမ်းတို့အား ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြ ခြင်းနှင့်အတည်ပြုချက်ရယူသည်။

          ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အဖွဲ့ဝင်ဦးရေနှင့်အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့၏အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့အား ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြခြင်းနှင့်အတည်ပြုချက်ရယူခြင်းတို့ကိုဆောင်ရွက်ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို(၁၂:၃၅)နာရီ တွင်  ရပ်နားကာ(ဒုတိယနေ့)ကို ဧပြီ ( ၉ )ရက် အင်္ဂါနေ့တွင်  ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပေးပို့သူ-ဦးကျော်ကျော်လတ်(IPRD) ( တိုင်းဒေသကြီးပြန်/ဆက်)