Follow Us

ထားဝယ်တက္ကသိုလ်တွင် ချုံနွယ်များမှ တစ်ဆင့် မီးဘေးအန္တရာယ်မရှိစေရေးအတွက် ဌာနဆိုင်ရာ များဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

Sat, 04/06/2019 - 22:00

ယနေ့ နံနက်(၀၈၁၅) နာရီအချိန်တွင် ထားဝယ်တက္ကသိုလ်တွင် ချုံနွယ်များမှ တစ်ဆင့် မီးဘေးအန္တရာယ်မရှိစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊    ဆရာ/ဆရာမများနှင့်   ရုံးဝန်ထမ်းများမှ ပူးပေါင်း၍ ပြည်သူ့အခြေပြုစုပေါင်းသန့်ရှင်းရေးဖြင့် အမှိုက်များ၊ ချုံနွယ်များအား ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းနေရာသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများမှ သွားရောက်ကြည့်ရှုပြီး မီးဘေးအန္တရာယ်ဖြစ်နိုင်မည့် ချုံထူ၍ ခြောက်သွေ့သော နေရာများအား အဓိက ဦးစားပေးရှင်းလင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။