Follow Us

၂၀၁၉ခုနှစ်အတွင်း ဆောင်ရွက်မည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

Wed, 04/03/2019 - 23:26

(၃.၄.၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ်အတွင်း ဆောင်ရွက်မည့် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာ စီမံကိန်း မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဒေသခံပြည်သူ များ၏ အမှန်တကယ်လိုအပ်ချက်နှင့် ကိုက်ညီစေရေးအတွက် ဒေသခံများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ များသို့ ချပြစေလိုကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်မည့် programs များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ပေးပို့ရန် ပြောကြားခဲ့ပါသည်။

 ထို့နောက် TEPM ၊ PCML ၊ PTTEPI ကုမ္ပဏီနှင့် MOGE မှ တာဝန်ရှိသူများက CSR နှင့် ပတ်သက်၍ ကျေးရွာ(၃၃)ရွာတွင် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား တင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်ပြီး  ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။