Follow Us

မြိတ်မြို့တွင် ဗီယက်နမ်နိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

Wed, 04/03/2019 - 23:21

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိလာသော ဗီယက်နိုင်ငံ ဗီယက်နမ်ပြည်သူ့ ရေတပ် ဖရီးဂိတ် စစ်ရေယာဉ်အမှတ်(012) ၊ Ly Thai To မှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Senior Captain Nguyen Congson နှင့် စစ်ရေယာဉ်မှူး Lieutenant Commander Do Hai Long တို့ ဦးဆောင်သော ဗီယက်နမ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အား ဧပြီလ(၃)ရက် နေ့လယ်(၁၃၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ နှင့် ဒေသဆိုင်ရာဌာနဆိုင်ရာများမှ မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဗီယက်နမ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာကြသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကာ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ရိုက်ကူးပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )