Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Wed, 04/03/2019 - 23:15

ယနေ့ နံနက်(၀၈၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ လျှပ်စစ် နှင့်စွမ်းအင် ဝန်ကြီး ဦးအောင်သူရ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ပေါင်းစုံမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးအား စစ်ရေးပြမှူး မှ ဦးဆောင်၍ ပြိုင်ပွဲ ဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။ 
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး က အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး မြို့နယ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲသည် မေလ ၂၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘော်လီဘောပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးကိုယ်စားပြု ဘော်လီဘောကစားသမားများ  ရွေးထုတ်နိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဘော်လီဘောပြိုင်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်ပြည့်ဝစွာ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်၊ အားကစားသမားတွေအနေဖြင့်လည်း အရည်အချင်းပြည့်ဝ သည့် တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစား ယှဉ်ပြိုင်ကစားသွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်   ပြိုင်ပွဲဝင်အသင်းများ က အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆို၍ ကွင်းအတွင်း မှ ပြန်လည်ထွက်ခွာပြီး ပထမပွဲစဉ်အဖြစ် အမျိုးသားထားဝယ်အသင်းနှင့် လောင်းလုံးအသင်းအကြိတ် အနယ်ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များတို့က ကြည့်ရှု့အား ပေးရာ ထားဝယ်အသင်း က  အနိုင်ရရှိခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီးဘော်လီဘော ပြိုင်ပွဲကို ဧပြီလ  (  ၈ )  ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပေးပို့သူ - ဦးကျော်ကျော်လတ်( IPRD) ( ထားဝယ်ခရိုင်ပြန်/ဆက်)