Follow Us

မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)နှင့်စီမံကိန်းဘဏ် (Project Bank) ဆိုင်ရာရှင်းလင်းပွဲကျင်းပ

Wed, 04/03/2019 - 16:19

ယနေ့ မွန်းလွဲ(၁၄၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ( MSDP )နှင့်စီမံကိန်းဘဏ်( Project Bank )ဆိုင်ရာ ရှင်းလင်းပွဲကျင်းပြုလုပ်ခဲ့ရာ ရှင်းလင်းပွဲသို့ တနင်္သာတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊  တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

            ရှင်းလင်းပွဲတွင် တနင်္သာတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)နှင့် စီမံကိန်းဘဏ် ( Project Bank )ဆိုင်ရာရှင်းလင်းပွဲဖြစ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးကရေးဆွဲထားတဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍအလိုက် စီမံကိန်းတွေ၊ လုပ်ငန်းအစီအစဉ်တွေကို မဟာဗျူဟာကျကျ ချိတ်ဆက်မှုရှိဖို့အတွက်လည်းကောင်း၊ မြန်မာနိုင်ငံက ပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာသဘောတူညီချက်၊ ကတိကဝတ် စတာတွေကို နိုင်ငံတော်ကချမှတ်ဆောင်ရွက်မည့် စီမံကိန်းများ၊ နည်းဗျူဟာများကြားတွင်  ချိတ်ဆက်ကိုက်ညီဖို့ လည်ကောင်း၊ စီမံကိန်းများဆောင်ရွက်သည့်နေရာတွင်  အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့်ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အခန်းကဏ္ဍများ ပိုမိုရှင်းလင်းပြတ်သားရန်အတွက် ရည်ရွယ်ပြီး MSDP နှင့် Project Bankတို့ကို ရေးဆွဲထား ပါကြောင်း၊ MSDP နှင့် Project Bank တို့မှ  ထိရောက်သော အကျိုးသက်ရောက်မှုများရရှိအောင် ဆောင်ရွက် သည့်နေရာတွင်  ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ပြည်နယ်/ တိုင်းဒေသကြီးများတွင် လူထု၏စီးပွားရေး၊ လူမှုရေးအခြေအနေလိုအပ်ချက်တွေကို ထင်ဟပ်သည့်စီမံကိန်းများ အကောင်အထည်ဖော်သွားရန် တာဝန်ရှိပါကြောင်း၊ MSDP နှင့် စီမံကိန်းဘဏ်ဆိုင်ရာကိစ္စတွေကို သိရှိနားလည် ထားခြင်းအားဖြင့် ဒေသလိုအပ်ချက်တွေနှင့် နိုင်ငံရဲ့လိုအပ်ချက်တွေကို စဉ်းစားဆောင်ရွက်ရာတွင်  မဟာဗျူဟာ ကျကျစဉ်းစားဆောင်ရွက်တတ်ပြီး ပြည်သူတွေ၏အကျိုးအတွက် ပိုမိုအားကောင်းသည့်စီမံကိန်းများကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်သွားနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စုနှင့်ရော နိုင်ငံတကာနှင့်ပါ မဟာဗျူဟာကျ ချိတ်ဆက်လုပ်ဆောင်သည့်နေရာတွင် ပိုမိုရှင်းလင်း သိရှိနားလည်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်လာမည်ဟု ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း Senior Operations Specialist ဒေါ်သီဒါနွဲ့ မှ Myanmar Sustainble Development Plan (MSDP) နှင့် Project Bank အကြောင်းရှင်းလင်းဆွေးနွေးခြင်းနှင့် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းမှ Project Proposal Submmission Template အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။