Follow Us

တနင်္သာရီတိုင်းဒေကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ (ထားဝယ်ခရိုင်) တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

Tue, 04/02/2019 - 23:25

ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ (ထားဝယ်ခရိုင်) တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာစကား ပြောကြားရာတွင် (၂၅.၃.၂၀၁၉) ကတိသစ္စာခံယူ၍ ဝန်ကြီးချုပ်တာဝန်ကို စတင်တာဝန်ထမ်းဆောင် ခဲ့ပြီး အစိုးရအဖွဲ့၏ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်ကို  လွှတ်တော်၌ တင်ပြချက်များအပေါ် ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများကလည်း အကောင်အထည်ဖော်ရမည့် စီမံကိန်းများ၊ လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများကိုလည်း အရှိအတိုင်းတင်ပြစေလိုကြောင်း သို့မှသာ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖြေရှာခြင်း၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ ထံညှိနှိုင်းအဖြေရှာခြင်းများအား ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဌာနအလိုက်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိကျမှန်ကန်ရန်လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေများ သုံးစွဲရာတွင်လည်း ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့်အညီ လိုက်နာရန် လိုအပ်ပါကြောင်း ၊ ဌာနဆိုင်ရာများအနေဖြင့် အစိုးရအဖွဲ့မှ သဘောထားမှတ်ချက်တောင်းခံသည့် စာများနှင့်ပတ်သက်ပြီး လက်ရှိမြေပြင်အခြေအနေနှင့်အညီ တင်ပြစေလိုကြောင်း၊ ဌာနဆိုင်ရာလုပ်ငန်းစဉ်များ မူဝါဒများကိုလည်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးများကလည်း မိမိတို့စီမံကွပ်ကဲရသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တစ်လတစ်ခါတွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ပြည်သူများနှင့်အကြံပြုချက်များကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင် လျှင် ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထိုနောက် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုမှ ဌာနဆိုင်ရာများအား မိတ်ဆက်၍ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများမှ လမ်းညွှန်မှာကြားကာ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တင်ပြလိုသည်များ ဆွေးနွေးတင်ပြခဲ့ပြီး၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။