Follow Us

မြန်မာအထူးစီးပွားရေးဇုန်ဗဟိုကော်မတီ ဒုတိယဉက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တို့အား ထားဝယ်အထူးစီးပွားရေးဇုန်ဆောင်ရွက်မှု အခြ

Tue, 04/02/2019 - 19:05

ယနေ့ နံနက်(၀၉၀၀)နာရီအချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ရှင်းလင်းဆောင်၌ ထားဝယ်အထူးစီးပွားရေးဇုန် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပွဲ အခမ်းအနား ကျင်းပခဲ့ရာ အခမ်းအနားသို့ မြန်မာအထူးစီးပွားရေးဇုန်ဗဟိုကော်မတီ ဒုတိယဉက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ မြန်မာအထူးစီးပွားရေးဇုန်ဗဟိုကော်မတီ ဒုတိယဉက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အတွက် ပံ့ပိုးပေးမည့် စီမံချက်အတွက် အရေးပါသောကြောင့် တိကျသောမူဝါဒများ ချမှတ်ပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဉက္ကဋ္ဌ(၂) ဒေါက်တာ မြင့်ဆန်း က ထားဝယ်အထူးစီးပွားရေးဇုန်ဆောင်ရွက်နေမှု အခြေအနေများအား သက်ဆိုင်ရာကဏ္ဍ တစ်ခုချင်းအလိုက် အားသာချက်၊ အားနည်းချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီဝင်များမှ လည်း အသီးသီးတင်ပြဆွေးနွေးကာ မြန်မာအထူးစီးပွားရေးဇုန်ဗဟိုကော်မတီ ဒုတိယဉက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ မှ လုပ်ငန်းဆောင်ရွက် ထားသည့် ဆိပ်ကမ်းငယ်နှင့် လမ်းခင်းထားမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။