Follow Us

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း မော်ကင်းဆလုံတို့၏ လူမှုနယ်ပယ်ပုံဖော်ခြင်း ပြခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Tue, 04/02/2019 - 01:49

(၂၈.၃.၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ပညာပေးပြခန်းဆောင်၌ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အတွင်း မော်ကင်းဆလုံတို့၏ လူမှုနယ်ပယ်ပုံဖော်ခြင်းပြခန်း ဖွင့်ပွဲ        အခမ်းအနား ကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဉီးဟိုပင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြခန်းတာဝန်ရှိသူများနှင့် မော်ကင်းဆလုံလူမျိုးများအပါအဝင် ဒေသခံပြည်သူများ  တက်ရောက်ခဲ့သည်။

          ဖွင့်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဉီးဟိုပင် မှ အဖွင့်မှာစကားပြောကြားခဲ့ပြီး Istituto Oikos စီမံကိန်းမန်နေဂျာမှ လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်စီမံကိန်းအကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ မနုဿဗေဒပညာရှင် Mr.Maxime Boutry, ပြခန်းစီစဉ်သူများ Fabienne Galangau Querat နှင့် Jean Chicoteau တို့က မော်ကင်းဆလုံတို့၏ လူမှုနယ်ပယ်ပုံဖော်ခြင်းပြခန်း ပြသမှုအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ 

          ဆက်လက်၍ ကော့သောင်းမြို့နယ် အခမ်းအနားသို့ တက်ရောက်လာသော မကြုံကလက်ကျေးရွာ၊ လငန်းကျေးရွာ၊ ဂျာအုန်းကျေးရွာနှင့် ဂျလန်းကျေးရွာများမှ ဒေသခံ ဆလုံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံပြီး  စုပေါင်းအမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။