Follow Us

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

Tue, 10/04/2016 - 11:54

Vertical Tabs

About Topic

ဦးစီးဌာန၏လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ

    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အထက်ပါမူဝါဒ (၂)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လူထုဆက်သွယ်ရေးလုပ်ငန်း (၁၀)မျိုးအပြင် အမယ်သစ်လုပ်ငန်း (၄)မျိုးကိုပါ ပြည်သူ့ဆက်ဆံရေးနည်းများဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည်-

လူထုဆက်သွယ်ရေးလုပ်ငန်း(၁၀)မျိုး

(က) ပြည်သူ့စာကြည့်တိုက်လုပ်ငန်း
(ခ ) နယ်လှည့်စာကြည့်တိုက်လုပ်ငန်း
(ဂ ) ရုပ်မြင်သံကြား၊ ရေဒီယိုဖွင့်လှစ်ပြသခြင်းလုပ်ငန်း
(ဃ) လက်ကမ်းစာစောင်ထုတ်ဝေခြင်းလုပ်ငန်း
(င ) နံရံကပ်စာစောင်လုပ်ငန်း
(စ ) ဓာတ်ပုံပြပွဲ၊ ပြခန်းခင်းကျင်းပြသခြင်းလုပ်ငန်း
(ဆ) ဟောပြောပွဲလုပ်ငန်း 
(ဇ ) စာပေရေးသားခြင်းလုပ်ငန်း
(စျ) လေ့ကျင့်ပညာပေးခြင်းလုပ်ငန်း
(ည) ပူးပေါင်းပါဝင်ခြင်းလုပ်ငန်းများ ဖြစ်ပါသည်။

အမယ်သစ်လုပ်ငန်း(၄)မျိုး

(က) Wifi တပ်ဆင်ထုတ်လွှင့်ခြင်းလုပ်ငန်း
(ခ ) စာပေရေချမ်းစင်ခင်းကျင်းခြင်းလုပ်ငန်း
(ဂ ) နံရံကပ်စာပေရေချမ်းစင်လုပ်ငန်း
(ဃ) Public Digital Library Service လုပ်ငန်းများ ဖြစ်ပါသည်။

(က) ပြည်သူ့စာကြည့်တိုက်လုပ်ငန်း

        ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်/ မြို့ရုံး ပြည်သူ့စာကြည့်တိုက်များတွင် သုတ၊ ရသစာအုပ်များကို (ရုံးချုပ်)အစီအစဉ်ဖြင့် ပေးပို့ခြင်း၊ မိမိရုံးရံပုံငွေမှ ကျခံသုံးစွဲဝယ်ယူခြင်းနှင့် လှူးဒါန်းရရှိမူဖြင့် စုဆောင်းဖြည့်ဆည်း ဆောင်ရွက်လျှက်ရှိပါသည်။ မိမိဒေသအတွင်းမှ ပြည်သူများ စာပေဗဟုသုတများကို လက်လှမ်းတမီ လေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ၊ ရသစာအုပ်စာစောင်များကို စာကြည့်တိုက်အတွင်း၌ အခမဲ့ဖတ်ရှုစေခြင်း၊ မိမိနေအိမ်၊ အလုပ်ဌာနသို့ အခမဲ့ငှားရမ်းပေးခြင်းတို့ကို ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ထို့အပြင် ပြည်သူများ စိတ်ဝင်စားသည့် အသစ်ထွက်ရှိနေသော မဂ္ဂဇင်းများ၊ ဝတ္ထုများ၊ ကာတွန်းများနှင့် နေ့စဉ်ထွက်ရှိနေသည့် သတင်းစာများ၊ ဂျာနယ်များကို စုံလင်စွာ ထားရှိပေးထားပါသည်။
    စာကြည့်တိုက်သို့လာရောက်ပြီး စာများဖတ်ရှုနိုင်ရန်အတွက် နေရာထိုင်ခင်းများ စီစဉ်ပေးထားပြီး၊ အများပြည်သူစာဖတ်ခန်း၊ ကလေးစာဖတ်ခန်း၊ ရည်ညွှန်းစာဖတ်ခန်းများကိုလည်း သီးသန့်စီစဉ်ထားရှိပေးထားပါသည်။ ထို့ကြောင့် လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမရွေး၊ ကျား/မ၊ အသက်အရွယ်မရွေး မည်သူမဆို စာကြည့်တိုက်သို့ အခမဲ့အသင်းဝင်ရောက်၍ စာအုပ်များကို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ပါသည်။

စာကြည့်တိုက်၏ဝန်ဆောင်ပေးမှုများ
    စာဖတ်ခန်းဖွင့်လှစ်ထားရှိမှု
        အများပြည်သူစာဖတ်ခန်း၊ ကလေးစာဖတ်ခန်း၊ ရည်ညွှန်းစာဖတ်ခန်း

    စာကြည့်တိုက်ဖွင့်ချိန်
        နံနက်(၀၉၃၀)နာရီမှ ညနေ(၁၆၃၀)နာရီထိ

    စာကြည့်တိုက်ဖွင့်သည့်ရက်
        တနင်္လာနေ့မှ စနေနေ့အထိ

    စာကြည့်တိုက်ပိတ်သည့်ရက်
        တနင်္ဂနွေနေ့၊ (အများပြည်သူရုံးပိတ်ရက်)

    အသင်းဝင်ရောက်နိုင်မှုအခွင့်အရေး
        လူမျိုး၊ ဘာသာ၊ ကျား/မ ၊ အသက်အရွယ်၊ လူတန်းစား၊ အဆင့်အတန်းမရွေး၊ ရဟန်း၊ ရှင်လူ မည်သူမဆို အခမဲ့အသင်းဝင်ရောက်နိုင်သည်။

    အသင်းဝင်သူ၏အခွင့်အရေး
       အသင်းဝင်သူသည် ရည်ညွှန်းစာအုပ်မှအပ စာကြည့်တိုက်ရှိ မည်သည့်စာအုပ်ကိုမဆို အများဆုံး (၃)ရက်အထိ မိမိနေအိမ်၊ အလုပ်ဌာနသို့ အခမဲ့ ငှားရမ်းနိုင်ပါသည်။ ထို့အပြင် စာကြည့်တိုက်အတွင်းရှိ စင်တင်ထားသော စာအုပ်စာစောင်များကိုလည်း စာဖတ်ခန်းအတွင်း၌ အေးချမ်းစွာဖတ်ရှုနိုင်သည့်အပြင် ပြသထားသော ရုပ်သံလိုင်းများကိုလည်း ကြည့်ရှုနိုင်ပါသည်။

   အသင်းမဝင်သူ၏အခွင့်အရေး
    စာကြည့်တိုက်ရှိ စာအုပ်များကို ပြင်ပသို့ ငှားခွင့်မရှိသည်မှအပ စာကြည့်တိုက်အတွင်း၌ စင်တင်ထားသော စာအုပ်စာစောင်များကို စာဖတ်ခန်းအတွင်း၌ အေးချမ်းစွာဖတ်ရှုနိုင်ပါသည်။

 (ခ) နယ်လှည့်စာကြည့်တိုက်လုပ်ငန်း

          ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ခရိုင်၊ မြို့နယ်၊ မြို့ရုံးများတွင် ပြည်သူများ လက်လှမ်းမီစွာဖြင့် စာပေဖတ်ရှုနိုင်ရန်အတွက် စာဖတ်ရှိန်မြှင့်တင်ပေးခြင်းနှင့်အတူ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည်-
(ကက) ခရိုင်နှင့် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်းများ၊ သက်မွေးသင်တန်းကျောင်းများ၊ သားဖွားသင်တန်းကျောင်းများ၊ မိဘမဲ့ဂေဟာ၊ ပရဟိတကျောင်း၊ ဌာနဆိုင်ရာရုံးများနှင့် အကျဉ်းဦးစီးဌာနများသို့ Mobile Libraများဆောင်ရွက်ခြင်း၊ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များ ငှားရမ်းနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်း။
(ခခ ) စာအုပ်များ အလှည့်ကျငှားရမ်းပေးနိုင်သည့် စာပေဝါသနာရှင်များ၊ စာပေအကျိုးဆောင် (Volunteer)များ တိုးပွားရရှိရေး ဆောင်ရွက်ခြင်း။
(ဂဂ ) နယ်လှည့်စာကြည့်တိုက်များ ဆောင်ရွက်ရာတွင် စာအုပ်၊ စာစောင်များ သယ်ယူသွားနိုင်ရေးအတွက် အဆင်ပြေလွယ်ကူမည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်ခြင်း။
(ဃဃ) နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ခြင်းနှင့်အတူ ဟောပြောပွဲများကို NGO များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုတင်ဆက်သွယ်ဆောင်ရွက်ခြင်း။

(ဂ) ရုပ်မြင်သံကြား၊ ရေဒီယိုဖွင့်လှစ်ပြသခြင်းလုပ်ငန်း

      ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့စာကြည့်တိုက်အတွင်း စာဖတ်ပရိသတ်များ အပန်းဖြေရန်အတွက် ရေဒီယိုဖွင့်လှစ်ပေးခြင်း၊ ရုပ်မြင်သံကြားပြသပေးခြင်း၊ ဒေသရှိ (၂၄)လိုင်း Channelများ ဖွင့်လှစ်ပြသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

(ဃ) လက်ကမ်းစာစောင်ထုတ်ဝေခြင်းလုပ်ငန်း

        လက်ကမ်းစာစောင်များကို ပြည်သူများအတွက် အသိပညာရရှိစေရန် ရည်ရွယ်၍ နေ့ကြီးရက်ကြီးများနှင့် လိုအပ်သောအချိန်ကာလပေါ်မူတည်၍ ခရိုင်/မြို့နယ်အလိုက် ထုတ်ဝေပြီး သဘာဝဘေးအန္တရာယ်ပညာပေး၊ စာဖတ်ရှိန်မြှင့်တင်ရေးစသည့် ထူးခြားမှုများကိုလည်း အချိန်အခါအလိုက် အသိပေးထုတ်ဝေလျက်ရှိပါသည်။

(င) နံရံကပ်စာစောင်လုပ်ငန်း

        အများပြည်သူ အသိပညာတိုးပွားရေးအတွက် ခရိုင်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်များတွင် ရုံးတွင်းနံရံကပ်ဘုတ်နှင့် မြေစိုက်နံရံကပ်ပြဘုတ်တို့တွင် အင်တာနက်သတင်းများ၊ မိမိဒေသနှင့် ကိုက်ညီသည့် ပြည်သူများ သိသင့်သိထိုက်သောသတင်းများ၊ ဒေသတွင်းလှုပ်ရှားမှုသတင်းများ၊ နေ့ကြီးရက်ကြီးများတွင် ပြုလုပ်သော ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ဆုရရှိသူများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာများကို ပြသဆောင်ရွက်ပေးလျက်ရှိပါသည်။ နယ်မြေဒေသလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် ဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့လာသော နိုင်ငံတော်အဆင့်မှတ်တမ်းဓာတ်ပုံများနှင့် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းဓာတ်ပုံများ၊ အထင်ကရမှတ်တမ်းဓာတ်ပုံများကို တစ်လလျှင်နှစ်ကြိမ် လှဲလှယ် ၍ ခင်းကျင်းပြသပေးလျက်ရှိပါသည်။

(စ) ဓာတ်ပုံပြပွဲ၊ ပြခန်းခင်းကျင်းပြသခြင်းလုပ်ငန်း

        ဓာတ်ပုံပြပွဲ၊ ပြခန်းခင်းကျင်းပြသရာတွင် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ ပြပွဲ၊ ပြခန်းများ ခင်းကျင်းပြသခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲများ ခင်းကျင်းပြသခြင်း၊ ကျေးရွာစာကြည့်တိုက်ဖွင့်လှစ်နိုင်မှု၊ ဒေသတွင်းလှုပ်ရှားမှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဓာတ်ပုံဖြင့်ပြသခြင်း၊ ဗွီနိုင်းဖြင့် ပြသခြင်း၊ စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုသူများကို ဓာတ်ပုံရိုက်ကူးခြင်းဖြင့် ပြသဆောင်ရွက်လျက်ရှိပါသည်။

(ဆ) ဟောပြောပွဲလုပ်ငန်း 

      နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့်အတူ ဟောပြောပွဲလုပ်ငန်းကို လည်းဆောင်ရွက်လျက်ရှိပါသည်။ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့အကြိုဟောပြောပွဲများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းကာကွယ်ရေး ဟောပြောပွဲများစသည်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်လည်းကောင်း၊ ပြည်သူများ သိသင့်သည့်အကြောင်းအရာများကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အချိန်နှင့်တပြေးညီ အသိပေးဟောပြော ဆောင်ရွက်လျက်ရှိပါသည်။

(ဇ) စာပေရေးသားခြင်းလုပ်ငန်း

      ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်စာပေရေးသားခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဦးစီးဌာနထုတ် ဒို့ကျေးရွာဂျာနယ်၊ ဒို့အားမာန်စာစောင်၊ ထားဝယ်မဂ္ဂဇင်း၊ မြိတ်မဂ္ဂဇင်း၊ ကော့သောင်းမဂ္ဂဇင်း၊ ပုလဲရွှေရည်မဂ္ဂဇင်း၊ တနင်္သာရီမဂ္ဂဇင်းနှင့် အခြားဂျာနယ်များတွင် ဝတ္ထု၊ ကဗျာ၊ကာတွန်း၊ ဆောင်းပါး၊ ဟာသ၊ ကွင်းဆင်းအတွေ့အကြုံများရေးသားခြင်း၊ သတင်းစာများတွင် သတင်းရေးသားခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

(စျ) လေ့ကျင့်ပညာပေးခြင်းလုပ်ငန်း

        ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများအား လေ့ကျင့်ပညာပေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍၊ ဦးစီးဌာန(ရုံးချုပ်)မှ ဖွင့်လှစ်သည့် ပြည်သူ့ဆက်ဆံရေးသင်တန်း၊ စွမ်းရည်မြှင့်သင်တန်း၊ အခြေခံစာကြည့်တိုက် ပညာသင်တန်း၊ မီဒီယာသင်တန်းများ (တိုင်းဒေသကြီးရုံးအစီအစဉ်ဖြင့်ဖွင့်လှစ်သည့်သင်တန်းများ)၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် ဖွင့်လှစ်သည့် သင်တန်းများကို ဝန်ထမ်းများ အလှည့်ကျ တက်ရောက်စေလျက်ရှိပါ သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာစာကြည့်တိုက်ကော်မတီများ၊ စာကြည့်တိုက်မှူးများကို အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းပေးခြင်း၊ စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ အခြားဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများတွင် ဆွေးနွေးပို့ချရန် လာရောက်ညှိနှိုင်းပါက ပါဝင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

(ည) ပူးပေါင်းပါဝင်ခြင်းလုပ်ငန်း

        ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူဗဟိုပြု ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသရှိဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပူးပေါင်းပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။

အမယ်သစ်လုပ်ငန်း(၄)မျိုး

(က) Wifi တပ်ဆင်ထုတ်လွှင့်ခြင်းလုပ်ငန်း                

         ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ADSL အင်တာနက်လိုင်းဖြင့် Wifi တပ်ဆင်ထုတ်လွှင့်နေသည့် ထားဝယ်ခရိုင်ပြည်သူ့စာကြည့်တိုက်၊ မြိတ်ခရိုင်ပြည်သူ့စာကြည့်တိုက်၊ ကော့သောင်းခရိုင်ပြည်သူ့စာကြည့်တိုက်၊ ပုလောမြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် သရက်ချောင်းမြို့နယ်ပြည်သူ့စာကြည့်တိုက်တို့တွင် ပြည်သူများ အသိပညာဗဟုသုတ ရှာမှီးရန်လည်းကောင်း၊ အင်တာနက်မှတဆင့် အချိန်နှင့်အမျှ ဖြစ်ပျက်နေသော သတင်းအချက်အလက်များယူလိုလျှင်လည်းကောင်း၊ (SocialMedia)  လူထုဆက်သွယ်ရေးလုပ်ငန်းများ အသုံးပြုလိုလျှင်လည်းကောင်း၊ Wifi  Free  (ဝိုင်ဖိုင်အခမဲ့)ကို ရုံးချိန်အတွင်း လေ့လာသုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပါသည်။ 

(ခ) စာပေရေချမ်းစင်လုပ်ငန်း

       ပြည်သူများ ပြည်သူ့စာကြည့်တိုက်များသို့ စာပေဖတ်ရှုရန် မလာရောက်နိုင်သူများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ စာပေရေချမ်းစင်(Book    Corner )များကို ထားဝယ်မြို့တွင် ထားဝယ်လေဆိပ်၊ မြိတ်မြို့တွင် မြိတ်လေဆိပ်၊ ကော့သောင်းမြို့တွင် အမြန်ရေယာဉ်ဆိပ်၊ စုစုပေါင်း (၃)ခုကို မိမိဌာနရံပုံငွေမှ လစဉ် ကျပ် (၆၀၀၀ဝိ/-) ဖိုး ဝယ်ယူထားရှိပေး၍ လူစည်ကားရာ နေရာများတွင် ခင်းကျင်းဆောင်ရွက်ထားပါသည်။ အဆိုပါရေချမ်းစင်များတွင် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထု၊ ရုပ်ပြ၊ နေ့စဉ်ထုတ်သတင်းစာ (၄)မျိုးနှင့် အပတ်စဉ်ထုတ်ဂျာနယ် (၁၄)မျိုးတို့ကို စင်တင်ထားရှိပေးနိုင်ရန်၊ ခရီးသွားရင်း လွယ်လင့်တကူ စာပေဖတ်ရှုနိုင်ရန်၊ သတင်းအချက်အလက်များရယူနိုင်ရန် ပြည်သူများသို့ အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

(ဂ) နံရံကပ်စာပေရေချမ်းစင်

        ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် လွယ်လင့်တကူ စာပေဖတ်ရှုနိုင်ရန် နံရံကပ်စာပေ ရေချမ်းစင်အိတ်များကို ချိတ်ဆွဲဆောင်ရွက်ပေးထားပါသည်။ နံရံကပ်စာပေရေချမ်းစင်အိတ်များတွင် အချိန်တိုတိုနှင့် ဗဟုသုတရရှိစေမည့် ကဏ္ဍစုံစာစောင် (၁၃)မျိုးကို ထည့်ပေးထားပါသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများအထိ ချိတ်ဆွဲဆောင်ရွက်ပေးနေသည့် နံရံကပ်စာပေရေချမ်းစင်အိတ်ပေါင်း (၂၀၉)ခုနှင့် အလှူရှင်များလှူဒါန်းမှုဖြင့် (၈၃)ခု၊ စုစုပေါင်း (၂၉၂)ခုကို အခမဲ့ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ရေချမ်းစင်အိတ် ဝယ်ယူရာတွင် တစ်မျိုးလျှင် (၁၀)အုပ်နှုန်းဖြင့် စာစဉ် (၁၃)မျိုးကို လစဉ် ရုံးချုပ်အစီအစဉ်ဖြင့် ပေးပို့လျက်ရှိရာ မိမိဝန်ထမ်းများက အသစ်ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

(ဃ) Public Digital Library Service  လုပ်ငန်း

    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Public Digital Library Service  စက်များကိုတပ်ဆင်၍ ပြည်သူအများ စာပေဖတ်ရှုနိုင်မည့် နေရာများတွင် အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ အဆိုပါစက်တွင် စာအုပ်အမျိုးပေါင်း (၇၀၀၀)ကျော် ပါဝင်ပြီး မိမိဖတ်လိုသည့် စာအုပ်များကို တိုက်ရိုက်ဖွင့်လှစ်၍သော်လည်းကောင်း၊ DownLoad ပြုလုပ်၍သော်လည်းကောင်း ဖတ်ရှုနိုင်ပါသည်။ အင်တာနက်လိုင်းရှိရန် မလိုအပ်ပဲ လျှပ်စစ်မီးရှိရုံဖြင့် အဆိုပါစက်အား ဖွင့်လှစ်ထားနိုင်ပြီး၊ မိမိတို့ Smart Phone ထဲသို့ မိမိဖတ်လိုသည့် စာအုပ်များကို DownLoad ပြုလုပ်၍ သိမ်းဆည်းထားနိုင်ပါသည်။

    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီးအတွင်း Public Digital Library Service စက်များကို ထားဝယ်ခရိုင်တွင် (၁၄)လုံး၊ မြိတ်ခရိုင်တွင် (၁၆)လုံး၊ ကော့သောင်းခရိုင်တွင် (၁၅)လုံး၊ စုစုပေါင်း (၄၅)လုံး တပ်ဆင်ထားရှိပြီး အခမဲ့ ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

       အလှူရှင်များ လှူဒါန်းမှုဖြင့်လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း အလှူရှင်(၁၆)ဦးက Public Digital Library Service စက် (၁၉)လုံးကိုလည်း လှူဒါန်းတပ်ဆင်ပြီး အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

 

Office Address and Location Map
Location Map: