Follow Us

ရှင်ဇောတိကာလင်္ကာရနှင့် ရှင်အာစာရလင်္ကာရ အရှင်မြတ်(၂)ပါးတို့၏ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ကျင်းပ

Sun, 03/31/2019 - 23:12

ယနေ့ နံနက်(၀၈၃၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်တွင် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒဉာဏ(သန္ဓမ္မဇောတိကဓဇ) ၏တပည့်များဖြစ်သည့် ရှင်ဇောတိကာလင်္ကာရနှင့် ရှင်အာစာရာလင်္ကာရ အရှင်မြတ်(၂)ပါးတို့အား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဒုတိယဉက္ကဋ္ဌနှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ရာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးဆရာတော် ဘဒ္ဒန္တဣန္ဒဉာဏ (သန္ဓမ္မဇောတိကဓဇ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်နာကြားခဲ့ပါသည်။
ထို့နောက် ရှင်ဇောတိကာလင်္ကာရနှင့် ရှင်အာစာရာလင်္ကာရ အရှင်မြတ်(၂)ပါးတို့၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဉက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ဒုတိယဉက္ကဋ္ဌတို့မှ ဂုဏ်ပြုဘွဲ့တံဆိပ်တော်များ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ပြီး အလှူရှင်များကိုလည်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ မြို့မယဉ်ငေးသာသနာ့ရိပ်သာ ဆရာတော်မှ ရေစက်သွန်းချအမျှဝေကာ တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။