Follow Us

တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ (၂/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Sat, 03/30/2019 - 19:52

ယနေ့ နံနက်(၀၉၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ  (၂/ ၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်  ကော်မတီအဖွဲ့ဝင်များ  တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ မြေယာကိစ္စရပ်များကို ဖြေရှင်းပေးရန် လိုအပ်ကြောင်း၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကိုလည်း ပြည်သူများ သိရှိစေရန် ချပြဆောင်ရွက်သွားရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းကျော်က အမှုတွဲများနှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက်များအပေါ် ဆွေးနွေးတင်ပြကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးမြေယာကိစ္စများ အထူးစိစစ်ရေးကော်မတီဝင်များ မှ အသီးသီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။