Follow Us

တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်ရိုးတစ်လျှောက်တွင် ရေကြီးရေလျှံမှုနှင့် ရေနစ်မြှုပ်ခြင်း ဘေးအန္တရာယ် တို့မှ ကာကွယ်ရန်အတွက် မြစ်ကြောင်းရှင်းလင်းသည့်အနေဖြင့် သဲသောင်တူးခြင်းကိစ္စနှင့် ပတ်သက် သည့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

Sat, 03/30/2019 - 00:21

ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တနင်္သာရီမြို့နယ်ရှိတနင်္သာရီမြစ်ရိုးတစ်လျှောက်တွင် ရေကြီးရေလျှံမှုနှင့်ရေနစ်မြုပ်ခြင်း ဘေးအန္တရာယ် တို့မှ ကာကွယ်ရန်အတွက် မြစ်ကြောင်းရှင်းလင်းသည့်အနေဖြင့် သဲသောင်တူးခြင်းကိစ္စ နှင့် ပတ်သက် သည့် တွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊  တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊  Kaung Kin Htike Co.,Ltd မှ တာဝန်ရှိသူများနှင့် ဒေသခံ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာစကား ပြောကြားရာတွင် တနင်္သာရီမြစ်ရိုးတစ်လျှောက်တွင် မြစ်ရေလျှံမှု၊ ရေလွှမ်းမိုးမှုဒဏ်ခံနေရသဖြင့် ရေလွှမ်းမိုးမှု ပိုမိုဖြစ်များသည့် နေရာများကို အပိုင်းလိုက်ခွဲ၍ ဌာနဆိုင်ရာများ၊ လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ၊ ပညာရှင်များပါဝင်သောအဖွဲ့များဖြင် ပူးပေါင်းကွင်းဆင်း၍ အခြေအနေမှန် အား တင်ပြစေလိုကြောင်း၊ ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်း ရှင်းရှင်းလင်းလင်းဖြစ်စေရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ သိရှိနိုင်ရေးအတွက်လည်း ချပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများမှလည်း တနင်္သာရီမြစ်ကြောင်း ရှင်းလင်းသည့် အနေဖြင့် သဲသောင်တူးခြင်းကိစ္စနှင့် ပတ်သက်သည့်ကိစ္စရပ်များကို အသီးသီးဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်း ရရှိပါသည်။