Follow Us

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး ( ၁/၂၀၁၉ ) (စတုတ္ထနေ့) အောင်မြင်စွာကျင်းပပြီးစီး

Fri, 03/29/2019 - 00:10

ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အရေးပေါ် အစည်းအဝေး (၁/၂၀၁၉)(စတုတ္ထနေ့)ကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၆)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ လေ့လာသူ သတင်းမီဒီယာ(၂၄)ဦးတို့တက်ရောက်ပြီး အခမ်းအနားမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ နှင့် ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးခိုင်တို့က ဆောင်ရွက်သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦးရှိသည့်အနက် (၂၅)ဦး တက်ရောက်ခဲ့သဖြင့် စုစုပေါင်း (၈၉.၂၈) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့်ကိုယ်စားလှယ်ဦးရေ သည် အစည်းအဝေးထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ(၃)ပုံ(၁)ပုံ ထက်ကျော်လွန် သည့်အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အရေးပေါ် အစည်းအဝေး စတုတ္ထနေ့ အထမြောက်ကြောင်း စတင်ကြေညာသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက် မှုမှတ်တမ်းတင်ခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ (၂၆.၃.၂၀၁၉)ရက်စွဲပါ အမိန့်အမှတ်(၁၂/၂၀၁၉)ဖြင့် ခန့်အပ်တာဝန်ပေးအပ်သော တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီး(၃)ဦး ကတိသစ္စာပြု ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား (၁၀၁၅)နာရီအချိန်တွင် ရပ်နားပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အရေးပေါ် အစည်းအဝေး(၁/၂၀၁၉)(စတုတ္ထနေ့) အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းပေးပို့သူ - ဦးကျော်ကျော်လတ်(IPRD)(တိုင်းဒေသကြီးပြန်/ဆက်)