Follow Us

ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင် ရွေးချယ်ပွဲ ကျင်းပ

Mon, 10/03/2016 - 18:18

(၃.၁၀.၂၀၁၆) ရက်နေ့ ထားဝယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီရွေးချယ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁ဝးဝ၀)အချိန်ု ထားဝယ်မြို ့မြို ့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းသန် ့ ၊မြို ့နယ်စည်ပင် အမှုဆောင် အရာရှိ ဦးအောင်ကျော်မျိုး၊ မြို ့မိမြို ့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများနှင့် မီဒီယာများ တက်ရောက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်နေရာကို လျို့ဝှက် ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ရာ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ ရွေးချယ် တင်မြောက်ရေးကော်မတီဝင်များမှ ကိုယ်စားလှယ်များရှေ့တွင် ဖွင့်ဖောက်၍ မဲစာရင်းရေတွက်ကာ မဲအများဆုံးရရှိသူ တလိုင်းထိန်ရပ်ကွက်မှ ဦးလှဦးအား ထားဝယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌအဖြစ် လည်းကောင်း၊ ဒုတိယ မဲအများဆုံးရရှိသည့် ဘုမ္မော်ရပ်ကွက်မှ ဦးဇော်လေးအား ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း ရွေးချယ်ခဲ့ ကြောင်း သတင်းရရှိသည်။