Follow Us

မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင် ရွေးချယ်ပွဲ ကျင်းပ

Mon, 10/03/2016 - 16:46

မြိတ် အောက်တိုဘာ ၂

​တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင် နေရာကို အောက်တိုဘာလ(၂)ရက် နေ့လယ်(၁)နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမ တွင် ရပ်ကွက်/ကျေးရွာ ပြည်သူများ ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်(၄၁)ဦး က ဆန္ဒပြု ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ရွေးချယ်တင်မြောက်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး က စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်ဆန္ဒပြုရွေးချယ် ရေး နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရွေးချယ်တင်မြောက်ရေးကော်မတီ အဖွဲ့ဝင် မြို့နယ် ဥပဒေအရာရှိ ဦးအောင်စိုးမင်း က စည်ပင်သာယာရေးကော်မတီရွေးချယ်ရေး  ဥပဒေ နည်းပဒေများ ရှင်းလင်းပြောကြား ခဲ့သည်။

​ယင်းနောက် ရပ်ကွက်/ကျေးရွာပြည်သူများမှ ရပ်ကွက်အလိုက် ရွေးချယ်ပေးခဲ့သည့် ကိုယ်စားလှယ် (၄၁)ဦးက မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင် နေရာကို ပွင့်လင်းမြင်သာစွာဖြင့် လျှို့ဝှက်ဆန္ဒပြုကြပြီး မဲပုံးအတွင်းသို့ ဆန္ဒမဲထည့် ရွေးချယ်ခဲ့ကြရာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ရွေးချယ်တင်မြောက်ရေးကော်မတီဝင်များက ဆန္ဒမဲပုံးကို ကိုယ်စားလှယ်များရှေ့တွင် ဖွင့်ဖောက်၍ မဲစာရင်း ရေတွက်ကာ မဲအများဆုံးရရှိသူ(၂)ဦးကို ကြေညာပေးခဲ့သည်။ 

​ကိုယ်စားလှယ်များ ရွေးချယ်ခဲ့ကြသည့် မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌအဖြစ် ကန်ဖျားရပ်မှ ဦးမြတ်ကိုကိုနှင့် အဖွဲ့ဝင်အဖြစ် ကလွင်ကျေးရွာမှ ဦးလွင်မောင်မောင်တို့ က မြိတ်မြို့သန့်ရှင်း သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏အကျိုးကို ကြိုးစားဆောင်ရွက်သွားမည်ဟု မိတ်ဆက် စကားများ ပြောကြားခဲ့ကြကြောင်း