Follow Us

ကဒင်ဝကျေးရွာ အခြေခံပညာမူလတန်းနှစ်ထပ်ကျောင်းဆောင်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

Mon, 10/03/2016 - 16:32

ထားဝယ် အောက်တိုဘာ ၂
    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကနိုင်းဒါကျေးရွာအုပ်စု၊ ကဒင်ဝကျေးရွာတွင်  ကွယ်လွန်သူ မိဘများဖြစ်သော (ဦးဖေကြည်+ဒေါ်ငွေသစ်) အားရည်စူး၍ ဦးသန်းစိန်+ဒေါ်ခင်မြအေး(ကလေးဝ)  ထားဝယ်မြို့၊ ဦးတင်ဝင်း+ဒေါ်ဝင်းစိန်(အလယ်ကုန်းရွာ)၊ဦးလှသန်းမိသားစု (ရန်ကုန်မြို့)၊ဦးတင်ဦး+ဒေါ်မာမာချို  (ကဒင်ဝ) ထားဝယ်မြို့တို့က ဆောက်လုပ်လှူဒါန်းသော ကဒင်ဝကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(ရးဝ၀)နာရီအချိန်၌  အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
    ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ အလှူရှင် ဦးသန်းစိန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုထွေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းဦးတို့က    အခြေခံပညာမူလတန်းနှစ်ထပ်ကျောင်းဆောင်သစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်ကြီး  ကို လှည့်လည်ကြည့်ရှုခဲ့သည်။
    ဒုတိယအပိုင်း အစီအစဉ်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေး  ဝန်ကြီး ဦးဟိုပင်က အခြေခံပညာမူလတန်းနှစ်ထပ်ကျောင်းဆောင်သစ်ကြီး လှူဒါန်းသော အလှူရှင်များအား  ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးသည် မျိုးဆက်သစ်ကလေးများ၏ အဓိကလိုအပ်ချက်ဖြစ်ကြောင်း ပြောကြား  ပြီး တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနွယ်က  ပညာရေးဌာနကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။
    ယင်းနောက် အလှူရှင်ဖြစ်သော ဦးလှသန်းက မူလတန်းကျောင်းဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ဆောက်လုပ်ထားရှိမှုအခြေအနေအားလည်းကောင်း ရှင်းလင်းတင်ပြပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်ညိုညိုထွေးအား အခြေခံပညာမူလတန်းနှစ်ထပ်ကျောင်းဆောင်ကြီးနှင့်ပတ်သတ်သော စာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်ပါသည်။
ဆက်လက်၍    ကဒင်ဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းဦးနှင့်  မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုထွေးတို့က   ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပါသည်။
    အဆိုပါ ကဒင်ဝကျေးရွာ အခြခံပညာမူလတန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ကြီးမှာ အလျား (၆၀)ပေ၊ အနံ(၃၀)ပေ၊ နှစ်ထပ်သံမဏိယက်မများ၊ သံမဏိတိုင်များဖြင့် သံကူကွန်ကရစ် RC ဖြစ်ပြီး တန်ဖိုး စုစုပေါင်းငွေ သိန်း(၇၇၀)ကျပ် ကုန်ကျပါကြောင်း သိရှိရသည်။

                                                                                                                                        (တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)