Follow Us

ဥပဒေချုပ်ရုံး

Mon, 10/03/2016 - 10:19

Vertical Tabs

About Topic

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်၏ လုပ်ငန်းတာဝန်
   ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ကောင်းမွန်မျှတသော ဥပဒေများပြဋ္ဌာန်းနိုင်စေရေး၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များကို မှန်ကန်ထိရောက်စွာ ဆောင်ရွက်နိုင်စေရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တရားစီရင်ရေးကဏ္ဍမှန်ကန်တည့်မတ်စေရေးတို့အတွက် ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် အမှုလိုက်ပါဆောင်ရွက်ခြင်း စသည်တို့ဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ပေးလျက်ရှိပါသည်။ 

ဦးစီးဌာန၏ လုပ်ငန်းအကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ထုံး လုပ်နည်းများ
    ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်ဥပဒေရုံးအဆင့်ဆင့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ပြည်ထောင်စု ရှေ့နေချုပ်နည်းဥပဒေများနှင့်အညီ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည် -
(က) သက်ဆိုင်ရာအဆင့်ရှိ အစိုးရဌာန၊ အဖွဲ့အစည်းများအား ဥပဒေအကြံဉာဏ်ပေးခြင်း၊
(ခ ) ပြစ်မှုဆိုင်ရာအမှုကို တရားစွဲဆိုတင်ပို့ခြင်းမပြုမီ တရားစွဲအဖွဲ့အစည်းအား ဥပဒေအကြံဉာဏ်ပေးခြင်း၊
(ဂ ) ပြစ်မှုဆိုင်ရာအမှုများတွင် နိုင်ငံတော်ဘက်မှ အမှုလိုက်ပါဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံတော်က တရားလို သို့မဟုတ် တရားခံပြိုင်အဖြစ် ပါဝင်သော တရားမမှုတွင် အမှုလိုက်ပါဆောင်ရွက်ခြင်း၊
(င ) တရားစွဲတင်ပို့နိုင်ခြင်းမရှိသော အမှုကို ရဲတပ်ဖွဲ့ကတင်ပြလာပါက ပိတ်သိမ်းရန်ဆုံးဖြတ်ခြင်း၊
(စ ) တရားရုံးရှေ့ တရားစွဲတင်ပို့ထားသော အမှုကို လိုအပ်ပါက ရုပ်သိမ်းရန် ဆုံးဖြတ်ခြင်း၊
(ဆ) တရားရုံးကချမှတ်သော အမိန့်နှင့်စပ်လျဉ်း၍ အယူခံဝင်ရန် သို့မဟုတ် ပြင်ဆင်မှုတက်ရောက်ရန် လိုအပ်သောအမှုကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း။

Office Address and Location Map
Location Map: