Follow Us

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲပြုလုပ်

Thu, 02/28/2019 - 22:40

ယနေ့ နေ့လယ်(၁၄၀၀)နာရီအချိန်တွင် တနသာၤရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအနက် ထားဝယ်ခရိုင်နှင့်ပတ်သက်သော လမ်းညွှန်ချက်များကို ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ  ရှင်းလင်းပွဲသို့  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်အတွင်း ဒေသခံပြည်သူများ၏တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားချက်များ နှင့်ပတ်သက်၍ ထားဝယ်ခရိုင်နှင့်ပတ်သက်သည့် လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ချပြရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။