Follow Us

လူမှုအသိုင်းအဝိုင်းများ ပူးပေါင်းဆောင်ရွက်မှုရှိသော တာဝန်ယူ တာဝန်ခံနိုင်သည့် စည်ပင်သာယာရေး ဆိုင်ရာ စီမံခန့်ခွဲမှုဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

Tue, 02/26/2019 - 22:09
ယနေ့ နံနက် (၀၉၃၀)နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ (၁၀) မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ တွေ့ဆုံပွဲနှင့် လူမှုအသိုင်းအဝိုင်းများ ပူးပေါင်းဆောင်ရွက်မှုရှိသော တာဝန်ယူ တာဝန်ခံနိုင်သည့် စည်ပင်သာယာရေးဆိုင်ရာစီမံခန့်ခွဲမှု ဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီဝင် များ၊ (၁၀) မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ VNG International တာဝန်ရှိသူများ၊ လောကအလင်းလူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အဖွင့်အမှာစကားပြောကြားရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေး အဖွဲ့နှင့်ကော်မတီ၏ လုပ်ငန်းစဉ်များ ပိုမိုအသက်ဝင်လုပ်ဆောင်လာနိုင်စေရန်အတွက် ယခုစီမံကိန်း သည် တိုင်းဒေသကြီးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဦးစားပေးကဏ္ဍများ၌ ပါဝင်သော ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုကဏ္ဍအောက်တွင် အကျုံးဝင်အထောက်အပံ့ဖြစ်စေမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသ ကြီၤးမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံနိုင်မှု အားကောင်းပြီး ပြည်သူလူထုအားကိုးယုံကြည်မှု ရှိသော စည်ပင်သာယာရေးဆိုင်ရာ စီမံခန့်ခွဲမှု ဖွံ့ဖြိုးလာစေရေးအတွက် ကျွန်တော်တို့အစိုးရအဖွဲ့ အနေဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိသလို သက်ဆိုင်ရာဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လောကအလင်းလူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ခံ ဦးမင်းသူရ က (၁၀)မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ တွေ့ဆုံပွဲ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး VNG International မှ  Miss - Anne က နှုတ်ခွန်းဆက်စကား ပြောကြားကာ စီမံကိန်းညွှန်ကြားရေးမှူး ဦးကျော်စွာဆွေ က စီမံကိန်းကို ကဏ္ဍကြီး(၄)ခုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးနှင့် သက်ဆိုင် သည့် ကောင်းမွန်သော စည်ပင်သာယာရေးဝန်ဆောင်မှုများ ထွက်ပေါ်လာစေရန် ရည်မှန်း အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းမန်နေဂျာ ဦးအောင်အောင်ဦး က MAGIC စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးအတွင်းရှိ (၁၀)မြို့နယ်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိ သူများက ကော်မတီ၏ လုပ်ဆောင်ချက်များအား ရှင်းလင်း၍ စည်ပင်သာယာရေးကော်မတီများ၏ အောင်မြင်မှုများ၊ ကြုံတွေ့နေရသောစိန်ခေါ်မှုများ၊ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်း စဉ်များနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများအား အုပ်စုဖွဲ့ဆွေးနွေးကာ ဆွေးနွေးပွဲကို  ဖေဖော်ဝါရီ  (၂၇) ရက်နေ့ အထိ   ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
       
ရေးသားပေးပို့သူ-ဦးကျော်ကျော်လတ်(IPRD) (ထားဝယ်ခရိုင်ပြန်/ဆက်)