Follow Us

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း လောင်းလုံးမြို့ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ

Thu, 02/21/2019 - 23:04
( ၂၁.၂.၂၀၁၉ ) ရက်နေ့၊ နံနက်( ၁၀၀၀ )နာရီအချိန်တွင် လောင်းလုံးမြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းသည် လောင်းလုံးမြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းကျော်၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင်ထွန်းအောင်၊ တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရွှေထွန်း၊ တိုင်းဒေသကြီးစိုက်ပျိူးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစန်းလွင်၊ ထားဝယ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးကျော်သူ၊ သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖများတက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်တွင် လောင်းလုံးမြို့  မြို့မိမြို့ဖများ၏တင်ပြချက်များနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ချပြရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။