Follow Us

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် တွေ့ဆုံ

Thu, 02/21/2019 - 21:33

ယနေ့  နံနက်(၁၁၄၅)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏လမ်းညွှန်ချက်အရ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများ က တင်ပြခဲ့သည့် ပညာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။