Follow Us

တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

Wed, 02/20/2019 - 18:31
(၁၉.၂.၂၀၁၉)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ စီမံ(၁)ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်များမှ  လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး များ၊ ဒုတိယဦးစီးမှူးများ၊ ဌာနခွဲစာရေးများ စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ဲပါသည်။
ဆွေးနွေးပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ် ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တနင်္သာရီ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း က ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အကြံပြုချက်စာတမ်း၊ ပြုပြင်ပြောင်းလဲမှုအတွက် ပြည်နယ်တစ်ခု၊ မြို့နယ်တစ်ခု စီမံချက် “ One State – One Township Project ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမည့် အုပ်စုများအား ဖွဲ့စည်းပေးခြင်း၊ ထို့နောက် အုပ်စုလိုက် ဆွေးနွေးမှုများဆောင်ရွက်ခြင်း ၊ အုပ်စုလိုက်ကိုယ်စားလှယ်တစ်ဦးမှ ဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ပြီး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက နိဂုံးချုပ် အမှာစကားပြောကြားကာ ပြုပြင် ပြောင်းလဲမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို (၁၆၂၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။