Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဖလား တက္ကသိုလ်/ကောလိပ်ပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ *

Tue, 02/19/2019 - 20:00

ယနေ့  ညနေ (၁၅၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဖလား တက္ကသိုလ်/ကောလိပ်ပေါင်းစုံ( အမျိုးသား )ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသော ထားဝယ်တက္ကသိုလ်အသင်းနှင့် နည်းပညာတက္ကသိုလ် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များတို့က ကြည့်ရှု့အားပေးရာ ထားဝယ် တက္ကသိုလ်အသင်းက (၂)ဂိုး(ဝ)ဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးမှူး  ဦးစိုးမိုးနိုင် က ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီးတာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး (ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း ၊ ဂိုးသမား ၊ အကောင်ဆုံး )အားကစားသမား ဆုများကို ချီးမြှင့်ခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ပထမ ဆုရရှိသော ထားဝယ်တက္ကသိုလ်အသင်းနှင့် ဒုတိယဆုရရှိသော နည်းပညာတက္ကသိုလ်အသင်းတို့အား တစ်ဦး ချင်းဆုနှင့် ငွေသားဆု ချီးမြှင့်ပြီး ပထမ ဆုရရှိသော ထားဝယ်တက္ကသိုလ်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား တက္ကသိုလ်/ကောလိပ်ပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ တွင် ထားဝယ်ဇုံ(၂)သင်း၊ မြိတ်ဇုံ(၂)သင်း၊ အသင်း(၄)သင်းပါဝင်ပြီး ဖေဖော်ဝါရီ (၁၁)ရက်နေ့မှ (၁၈)ရက်နေ့ အထိ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။
( ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန)
ရေးသားပေးပို့သူ - ဦးကျော်ကျော်လတ်( IPRD)