Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ရှင်ဓာတ်ဝဲစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲ အခမ်းအနားတက်ရောက်

Tue, 02/19/2019 - 18:42

ယနေ့  နံနက်(၀၇၅၀)နာရီအချိန်တွင် ထားဝယ်မြို့နယ်၊  မောင်မယ်ရှောင်ကျေးရွာရှိ  ရှင်ကိုးရှင်သမိုင်းဝင် ရှေးဟောင်းရှင်ဓာတ်ဝဲစေတီတော်မြတ်ကြီး  စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲအခမ်းအနားကျုင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပင့်သံဃာများ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ အလှူရှင်များ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရတနာကြုတ်အား မင်္ဂလာရထားပျံပေါ်သို့ ပင့်ဆောင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းတင်လှူပူဇော်ခဲ့ပြီး မင်္ဂလာရထားပျံဖြင့် စိန်ဖူးတော် တင်လှူပူဇော်ခြင်းနှင့် ကြွရောက်သံဃာတော်များမှ စေတီတော်ကြီး၏ထောင့်လေးထောင့်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းတို့အား ကြည်ညိုပူဇော်ခဲ့ကြောင်း သတင်းရရှိပါသည်။