Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် သီတဂူအာရောဂျဒါန ဆေးရုံတော်တွင် လူနာများအား ကြည့်ရှုအားပေး

Tue, 02/19/2019 - 02:10
(၁၈.၁.၂၀၁၉)ရက်နေ့၊ ညနေ(၁၆၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်နှင့်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်၊ မိုးကုတ်ဝိပဿနာ၊ သီတဂူအာရောဂျဒါန ဆေးရုံတော်သို့ သွားရောက်ခဲ့ပြီး အထူးကုဆရာဝန်ကြီးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ 
ယင်းနောက် သီတဂူအာရောဂျဒါန ဆေးရုံတော်သို့ လာရောက်ကုသမှုခံယူသည့် လူနာများအား အားပေးကြည့်ရှု၍ သီတဂူအာရောဂျဒါန ဆေးရုံတော်၏ (၁၅)ကြိမ်မြောက် ကျန်းမာရေးအလှူတော် ဖြစ်မြောက်ရေးကော်မတီထံ အလှူငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။