Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မြိတ်ခရိုင်အတွင်း ကွင်းဆင်းကြည့်ရှုခြင်း

Wed, 02/13/2019 - 01:52

ယနေ့ နေ့လယ်( ၁၄၁၀ )နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် တို့နှင့်အတူ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး (၇၂)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုခြင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုခြင်းဖြင့် NLD အမျိုးသားကျန်းမာရေး ကွန်ယက်နယ်လှည့် ဆေးကုသရေးအဖွဲ့က ဆေးဝါးကုသစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ယင်းနောက် တနင်္သာရီတံတားစီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိပြီး   တာဝန်ရှိသူမှ ရှင်းလင်းတင်ပြမှုအပေါ်  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ( ၁၆၂၀ )နာရီ အချိန်တွင် မြိတ်မြို့နယ်၊ မြိတ်မြို့ ပုလဲရတနာခန်းမသို့ ရောက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်    ( ၇၂ )နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ( ၁၇၄၀ ) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်  မြိတ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်ကျောင်းသို့ရောက်ရှိပြီး  လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနားပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပြိုင်ပွဲမှတ်တမ်း ဓာတ်ပုံများ ခင်းကျင်းပြသထားမှု အခြေအနေတို့ကို ကြည့်ရှုခဲ့ပါသည်။ ယင်းနောက် သဘာဝငှက်အိမ်သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။