Follow Us

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပ

Tue, 02/12/2019 - 19:58

ယနေ့ နံနက်( ၀၇၀၀ )နာရီအချိန်တွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင်ရပ်ကွက်၊ မြို့ပတ်လမ်း ရှိ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ KNU (မြိတ်၊ ထားဝယ်ခရိုင်)နှင့် မွန်ပြည်သစ်ပါတီ( ထားဝယ်ခရိုင် )မှ ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ သူများ၊ စစ်ရေးပြတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား/ သူများနှင့် ဘင်ခရာအဖွဲ့များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို တက်ရောက်လာသူများမှ စုပေါင်းညီညာစွာအလေးပြုပြီးနောက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာ အားဖတ်ကြားခဲ့ကြောင်း၊ ယင်းနောက်ရွှေဝယ်သီရိအားကစားခန်းမ၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမာန် ပြိုင်ပွဲတွင် ဆုရရှိသူများ အား ဝန်ကြီးချုပ်နှင့်အဖွဲ့ က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ငြိမ်းချမ်းရေး မာရသွန်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းနား ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အမျိုးသမီး မာရသွန်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယအထိ ဆုရရှိသူများကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က လည်းကောင်း၊ အမျိုးသား မာရသွန်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယအထိ ဆုရရှိသူများကို တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး က လည်းကောင်း၊ အမျိုးသား မာရသွန်ပြိုင်ပွဲ စတုတ္ထ မှ ဒဿမ အထိ ဆုရရှိသူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ က လည်းကောင်း၊ အမျိုးသမီး မာရသွန်ပြိုင်ပွဲ စတုထ္ထမှ ဒဿမ အထိ ဆုရရှိသူများကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီး ဦးမြင့်စန်း က လည်းကောင်း၊ အမျိုးသမီး မာရသွန်ပြိုင်ပွဲ (၁၁)မှ(၂၀) အထိ ဆုရရှိသူများကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် က လည်းကောင်း၊ အမျိုးသား မာရသွန်ပြိုင်ပွဲ (၁၁)မှ(၂၀) အထိ ဆုရရှိသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးမြင့်မောင် လည်းကောင်း၊ အမျိုးသမီး မာရသွန်ပြိုင် ပွဲ (၂၁) မှ (၃၀) အထိ ဆုရရှိသူများကို တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုး က လည်းကောင်း၊ အမျိုးသား မာရသွန်ပြိုင်ပွဲ (၂၁)မှ(၃၀) အထိ ဆုရရှိသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က လည်းကောင်း၊ အမျိုးသမီး မာရသွန်ပြိုင်ပွဲ (၃၁) မှ (၄၀) အထိ ဆုရရှိသူများကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးခင်မောင်မောင် က လည်းကောင်း၊ အမျိုးသား မာရသွန်ပြိုင်ပွဲ (၃၁)မှ (၄၀) အထိ ဆုရရှိသူများကို တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးသိန်းထွန်း က လည်းကောင်း၊ အမျိုးသမီး မာရသွန်ပြိုင်ပွဲ (၄၁) မှ (၅၀) အထိ ဆုရရှိသူများကို မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးနိုင်ရွှေဗျိုင်း က လည်းကောင်း၊ အမျိုးသား မာရသွန်ပြိုင်ပွဲ (၄၁)မှ(၅၀) အထိ ဆုရရှိသူများကို KNU (မြိတ်၊ ထားဝယ်) ခရိုင်ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုဝင်းခိုင် က လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။