Follow Us

ထားဝယ်တက္ကသိုလ်တွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဈေးရောင်းပွဲတော်နှင့် ပဒေသာကပွဲ အခမ်းအနား ကျင်းပ

Fri, 02/08/2019 - 18:30
ယနေ့ နံနက်( ၀၈၀၀ )နာရီအချိန်တွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဈေးရောင်းပွဲတော်နှင့် ပဒေသာကပွဲအခမ်းအနားကို ထားဝယ်တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ထားဝယ်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ 
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ဖိတ်ကြားထားသော  ဧည့်သည်တော်များမှ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဈေးရောင်းပွဲတော်နှင့် ပဒေသာကပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး သက်ဆိုင်ရာ ဘာသာရပ်ဌာနအလိုက် ခင်းကျင်းပြသရောင်းချ ထားသည့် ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း၊ တက္ကသိုလ်ပင်မဆောင်ရှေ့ရှိ အုတ်ရေမြောင်းအဖုံးများ ပျက်စီးနေမှုကို ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။