Follow Us

တောင်သူများသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်ပြုမိန့် လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

Wed, 02/06/2019 - 17:54

ယနေ့ နံနက်(၀၈၀၀)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ တို့မှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာရှိ ဒေသနေတောင်သူများမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ပိုင်ခွင့် လျှောက်ထားမှုများအပေါ် တောင်သူတစ်ဦးချင်းသို့ လုပ်ပိုင်ခွင့် ခွင့်ပြုမိန့်လက်မှတ်များ လက်ရောက်ကွင်းဆင်းပေးအပ်ခဲ့ကြောင်းနှင့် စုစုပေါင်းတောင်သူ(၉)ဦး၊ လုပ်ပိုင်ခွင့်ပြုလက်မှတ်(၉)စောင်၊ လုပ်ပိုင်ခွင့်ပြုဧရိယာ(၅၀)ဧကဖြစ်ကြောင်း သတင်းရရှိပါသည်။