Follow Us

ငြိမ်းချမ်းရေးကာတွန်းပြပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Sat, 10/01/2016 - 18:03

ထားဝယ် အောက်တိုဘာ ၁

          ငြိမ်းချမ်းရေးကာတွန်းပြပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့၊ နံနက် (၀၉၃၀)အချိန်တွင် ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ငြိမ်းချမ်းရေးကာတွန်းပြပွဲမှ ကာတွန်းဆရာများကိုယ်စား ကာတွန်းဆရာ တစ်ဦးမှ ကာတွန်းပြပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကာတွန်းများရေးဆွဲထားမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။