Follow Us

သာသနာရေးဦးစီးဌာန

Tue, 09/27/2016 - 11:52

သာသနာရေးဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
   သာသနာရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံတော်လွတ်လပ်ရေးမရမီ အချိန် ကာလကပင် ဖွဲ့စည်းထားရှိပြီး သာသနာ့ရေးရာကိစ္စများကို ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသောအခါ သာသနာရေးဝန်ကြီးဌာနကို အောက်ဖော်ပြပါဌာနခွဲများဖြင့် ဆောင်ရွက်ခဲ့ပါသည်-
  (၁) သာသနာညွှန်ကြားရေးဝန်ဌာနခွဲ
  (၂) ပါဠိတက္ကသိုလ်ဌာနခွဲ
  (၃) ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
  (၄) ဗုဒ္ဓသာသနာအဖွဲ့
  (၅) တိပိဋကဓရရွေးချယ်ရေးအဖွဲ့တို့ဖြစ်ပါသည်။

     ၁၉၆၂-ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရသည် ဝန်ကြီးဌာနအားလုံးကို ပြန်လည်စုစည်း၍ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ရာ ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အထက်ပါအဖွဲ့(၅)ဖွဲ့မှာ သာသနာရေး ဦးစီးဌာနအဖြစ် တည်ရှိခဲ့ပါသည်။ ၁၉၈၈ ခုနစက်တင်ဘာလ(၁၈)ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစိုးရ တာဝန်ယူခဲ့ပြီး သာသနာရေးကိစ္စအဝဝကို အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်စေရေးအတွက် ၁၉၉၂ ခုနှစ်၊ မတ်လ(၂၀)ရက်စွဲပါ ရုံးအမိန့်ကြော်ငြာစာအမှတ်(၂၃/၉၂)ဖြင့် သာသနာရေးဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

Office Address and Location Map: 

တိုင်းဒေသကြီးသာသနာရေးမှူးရုံး
ကမ်းနားလမ်း၊ ဆန်းချီရပ်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၄၀၀၅
        ၀၅၉-၂၁၂၀၇

မြိတ်ခရိုင်သာသနာရေးမှူးရုံး
လေယာဉ်ကွင်းအနီး၊ မြိတ်တောင်ကျေးရွာအုပ်စု၊တိုင်းရုံးလမ်း၊ မြိတ်မြို့။

ဖုန်း - ၀၅၉-၄၂၀၆၀