Follow Us

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

Tue, 09/27/2016 - 11:51

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
        ဌာနစုရုံးသည် တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့ဟောင်းရွာအတွင်းမြောက်လတ္တီတွဒ်(၉၈   ံ၁၀’ ) နှင့်ရှေ့လောင်ဂျီတွဒ်  (၁၄  ံ၁၀’) အကြားတွင်တည်ရှိပြီးထားဝယ်မြို့မှ အနောက်ဘက် (၇)မိုင်ခန့်အကွာနှင့် လောင်းလုံးမြို့မှ မြောက်ဘက်(၁၆)မိုင်အကွာတွင် တည်ရှိသည်။ ထားဝယ်ဌာနစုခွဲရုံး ဖွင့်လှစ်နိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဦးအောင်နိုင်မြင့်( ညွှန်ကြားရေးမှူး- ရန်ကုန်ဌာနခွဲ) နှင့် ဦးသန်းဝင်း (ဒု- ညွှန်ကြားရေးမှူး- နေပြည်တော်) တို့ မှရောက်လာပြီးမြို့ဟောင်းရွာမှ ဒေါ်လှကြည်မြေကွက်နှင့်နေအိမ်ကို ဝယ်ယူ၍ (၁၅-၇-၂၀၁၂) ရက်နေ့တွင်ဌာနစုရုံးဖြစ်စတင်ခွင့်လှစ်ခဲ့ပါသည်။
        ကွင်းဆင်းခြင်း၊ တူးဖော်ထိန်းသိမ်းရေးလုပ်ငန်းများအနေဖြင့် ၁၉၈၅-၅၉ ခုနှစ် တွင် သုတေသနဝန်ထောက် ဦးအောင်သော်၊ ၁၉၉၄ခုနှစ်တွင် သုတေသနအရာရှိ ဦးမိုးကျော်ကျော်နှင့် ဦးသောင်းရွှေ၊ ၁၉၉၅ခုနှစ်တွင် သုတေသနအရာရှိ ဦးကျော်ဦးလွင် (ယခုညွှန်ကြားရေးမှူးချုပ်) နှင့် ဦးမင်းဝေတို့မှကွင်းဆင်းခြင်းလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။တူးဖော်ထိန်းသိမ်းမှုအနေဖြင့် ၁၉၉၉-၂၀၀၀ ပြည့်နှစ်တွင် တူးဖော်မှုကုန်းအမှတ်-၁ နှင့် ၂၀၀၀-၂၀၀၁ တွင်တူးဖော်မှုကုန်းအမှတ်-၂ တို့ကို တူးဖော်ထိန်းသိမ်းခဲ့သည်။
        တနသာင်္ရီတို်င်းဒေသကြီးယဉ်ကျေးမှုပြတိုက်(ထားဝယ်ဌာနခွဲ)သည် ဆိပ်ကမ်းသာလမ်း၊ ဆန်းချီရပ်၊ ထားဝယ်မြို့တွင်တည်ရှိသည်။ ယဉ်ကျေးမှုပြတိုက်ကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် (၂၀-၁၀-၂၀၁၃) ရက်နေ့တွင် ပန္နက်တင်၍ စတင်တည်ဆောက်ခဲ့ပြီး မြေဧက (၀.၇၇%) ပေါ်တွင် Rc ကွန်ကရစ်နှစ်ထပ် (၁၀၀×၆၀)ပေအား တည်ဆောက် ခဲ့ပါသည်။ တည်ဆောက်မှုလုပ်ငန်းအားလုံးကို (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီး၍ ၂၀၁၅-၁၀၁၆ ခု ဘဏ္ဍာရေးနှစ် ၂၄-၁၁-၂၀၁၅ ရက်နေ့တွင် ဖွင့်လှစ်ပြသနိုင်ခဲ့ပါသည်။

Office Address and Location Map: 
ယဉ်ကျေးမှုပြတိုက်(ထားဝယ်)
ကမ်းနားလမ်း၊ ဆန်းချီရပ်ကွက်၊
ထားဝယ်မြို့
ဖုန်း - ၀၉ - ၄၂၁၇၂၁၁၁၃