Follow Us

ကွန်ပျူတာတက္ကသိုလ်

Tue, 09/27/2016 - 11:51

 ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း
      ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)ကို ၂၀၀၂ ခုနှစ် ဇန်နဝါရီလ(၇) ရက်နေ့မှစ၍ ရှမ္မလည်ဆွဲရပ်တွင် တည်ရှိသောထားဝယ်ပညာရေးကောလိပ်ဝင်းအတွင်းတွင်ဖွင့်လှစ်ခဲ့ပါသည်။ စတင်ဖွင့်လှစ်ချိန်တွင် ကွန်ပျူတာအသုံးချကျွမ်းကျင်မှု သင်တန်းနှင့် ပထမနှစ် သင်တန်းဟူ၍ ဖွင့်လှစ်ခဲ့ရာ ၂၀၀၂ ခုနှစ်အတွက် ပထမနှစ်ကျောင်းသူ(၃)ဦး နှင့် ကွန်ပျူတာအခြေခံ ကျွမ်းကျင်မှုသင်တန်းသား ကျောင်းသား၊ ကျောင်းသူ ဦးရေ (၄၄)ဦးဖြင့် စတင်သင်ကြားပို့ချခဲ့ပါသည်။ ထို့နောက် ၂၀၀၄ ခုနှစ်မှစ၍ နှစ်စဉ် ကွန်ပျူတာကောလိပ် (ထားဝယ်) မှ ကွန်ပျူတာသိပ္ပံနှင့်နည်းပညာဘွဲ့ရများ မွေးထုတ်ပေးလျက်ရှိရာ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ ပါသည်။ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)မှ မဟာသုတသိပ္ပံဘွဲ့ရ ကျောင်းသား/ကျောင်းသူ(၂)ဦးကို ၂၀၀၈ ခုနှစ်မှ စတင်၍ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ မှစ၍ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)ကို ယခုလက်ရှိတည်နေရာဖြစ်သော လေယဉ်ကွင်းလမ်း၊ညောင်ရမ်းတောင်ရပ်သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းအုပ်ကြီး အဖြစ် ဒေါက်တာခင်အေးသန်း ၊ ပါမောက္ခ ၊ Ph.D(IT) မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။

ကွန်ပျူတာတက္ကသိုလ်(မြိတ်)စတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
    အစိုးရကွန်ပျူတာကောလိပ်(မြိတ်)ကို ၂ဝဝဝခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့ တွင် မြိတ်မြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအဆောက်အဦတွင် စတင်ဖွင့် လှစ်ခဲ့ပါသည်။ ၂ဝဝရခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့် ခဲ့ပြီး၊ ကွန်ပျူတာတက္ကသိုလ်(မြိတ်)ဖြစ်ခဲ့ပါသည်။ ၂၀၁၂ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် ရွှေဒူးကျေး ရွာရှိ မြိတ်-တနင်္သာရီပြည်ထောင်စုကားလမ်းမကြီးဘေးရှိ သုံးထပ်ပင်မ ကျောင်းသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ကွန်ပျူတာတက္ကသိုလ်(မြိတ်)သည် မြိတ်မြို့မှ (၉)မိုင် ခန့်ကွာဝေးပါသည်။ တက္ကသိုလ်အကျယ်အဝန်းမှာ (၂၅.၇၁)ဧကကျယ်ဝန်းပါသည်။ 

Office Address and Location Map: 
အကွက်အမှတ်(၃၇) ၊ မျှော်အင်းအရှေ့၊
ဦးပိုင်အမှတ် (၂ခ+၅+၆ခ+၂၁) ၊ အကွက်အမှတ်(အို)၊
ဦးပိုင်အမှတ် (၁ခ + ၂ + ၃ခ + ၄က)၊
လေယဉ်ကွင်းလမ်း ၊ ညောင်ရမ်းတောင်ရပ် ၊ ထားဝယ်မြို့
ဖုန်း- ၀၅၉ - ၂၂၁၈၃ 
        ၀၅၉ - ၂၃၉၂၆

ရွှေဒူးကျေးရွာရှိ
မြိတ်-တနင်္သာရီပြည်ထောင်စု
ကားလမ်းမကြီးဘေးရှိ
သုံးထပ်ပင်မကျောင်း၊မြိတ်မြို့
ဖုန်း - ၀၉-၈၇၆၂၇၇၈
        ၀၉-၈၇၆၃၇၀၁
        ၀၉-၂၅၀၇၇၂၂၄၅