Follow Us

နည်းပညာတက္ကသိုလ်

Tue, 09/27/2016 - 11:50

နည်းပညာတက္ကသိုလ်(ထားဝယ်)စတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
   နည်းပညာတက္ကသိုလ် (ထားဝယ်) သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ၏ မြောက်ဘက် (၈)မိုင် (14km) အကွာ၊ မောင်မယ်ရှောင် ကျေးရွာအနီး၊ ရန်ကုန်-ထားဝယ် ကားလမ်းနံဘေး၊ ကွင်းအမှတ် (၈၅)ဧရိယာ (၈၇.၄၈)ဧက ကျယ်ဝန်းပါသည်။ နည်းပညာတက္ကသိုလ် (ထားဝယ်) သည်၁၉၈၂ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့တွင် အစိုးရစက်မှုလက်မှုအထက်တန်း ကျောင်းအဖြစ် စတင်ဖွင့်လှစ် ခဲ့ပါသည်။ ၁၉၉၈ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်၊ဇန်နဝါရီလတွင် နည်းပညာတက္ကသိုလ် အဆင့်သို့ လည်းကောင်း တိုးမြှင့်ဖွင့်လှစ် ခဲ့ပါသည်။

နည်းပညာတက္ကသိုလ်(မြိတ်)စတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း
   အစိုးရ စက်မှုလက်မှုသိပ္ပံအဖြစ် (၂၇.၁၂.၁၉၉၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၂ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနည်းပညာကောလိပ်အဆင့်သို့လည်းကောင်း၊ ၂၀၁ရခုနှစ်၊ ဇန်နဝါရီလတွင် နည်းပညာတက္ကသိုလ်အဆင့်သို့လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။

 

Office Address and Location Map: 

မောင်မယ်ရှောင် ကျေးရွာအနီး၊
ရန်ကုန်-ထားဝယ် ကားလမ်းနံဘေး၊
ကွင်းအမှတ်(၈၅)၊ ထားဝယ်မြို့နယ်၏
မြောက်ဘက်(၈)မိုင် (14km) အကွာ၊
ဖုန်း - ၀၉၈၇၄၂၇၉၀ (စီမံရေးရာဌာန)
        ၀၉၂၅၀၄၆၃၈၃၇

ကဘင်းကျေးရွာ၊ ရန်ကုန်-မြိတ် ကားလမ်းဘေး
မြိတ်မြို့မှ (၁၃)မိုင်ခန့်အကွာ၊ မြိတ်မြို့နယ်
ဖုန်း     - ဝ၉-၈၇၆၂၂၈၈ (စီမံရေးရာဌာန)
              ဝ၉-၂၅ဝ၂၄၅၅၀၃
Email -  tu.myeik@gmail.com