Follow Us

အခြေခံပညာဦးစီးဌာန

Tue, 09/27/2016 - 11:49

 အခြေခံပညာဦးစီးဌာနဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း 
      ၁၉၆၀-၆၁ ခုနှစ်အတွင်း ဖွဲ့စည်းပေါ်ထွန်းလာခဲ့သော ပညာမင်းကြီးမင်းရုံးနှစ်ရုံး အနက်တစ်ရုံးဖြစ်သော ပညာမင်းကြီး (သင်တန်းနှင့်စီမံကိန်း)ရုံးသည်
၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် တတိယပညာရေးလေးနှစ်စီမံကိန်း (၁၉၆၁-၆၅)ကို ရေးဆွဲ တင်ပြခဲ့သည်။
  ထိုတတိယပညာရေးလေးနှစ်စီမံကိန်းတွင်အပိုင်းအားဖြင့်
 (က) တိုးချဲ့မှုအပိုင်း (Quantitiative Expansion)
 (ခ ) တိုးတက်မှုအပိုင်း( Qualitative Improvement )
 (ဂ ) ဆောင်ရွက်ပြီးသောပညာရေးလုပ်ငန်းများကိုတည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းမှု အပိုင်း(Consolidation)ဟူ၍အပိုင်း(၃)ပိုင်းပါရှိလာကာပညာရေးလုပ်ငန်းစဉ် (၁၂)ရပ်ကိုသတ်မှတ်ပြီး တစ်ပြိုင်တည်း ကြိုးပမ်းဆောင်ရွက်သွားရန်၊ ရည်ရွယ်လျက်ရှိသည်ကိုလေ့လာတွေ့ရှိရ၏။
   အဆိုပါ တတိယပညာရေးလေးနှစ်စီမံကိန်းစတင်သည့်ကာလ၌ပင် မြန်မာနိုင်ငံတော် တွင် ခေတ်ပြောင်းစနစ်ပြောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့သဖြင့်၊ ထိုစီမံကိန်းကို ဆက်လက် အကောင်အထည်မဖော်ဖြစ်ခဲ့ပါ။
   ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်လွတ်လပ်ရေးရပြီးကာလ(၁၂)နှစ်ခန့်အကြာတွင်သမိုင်း အလှည့်အပြောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့ပေးသည်။ ထိုအလှည့်အပြောင်းမှာ အဘက်ဘက်မှယိုယွင်းလာသော အခြေအနေများကို အကြောင်းပြု၍ မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခြင်း ပြုခဲ့မှုပင်ဖြစ်ပါသည်။
   ၁၉၆၂ခုနှစ် မတ်လ(၂)ရက်နေ့နံနက်ပိုင်းတွင်အဖွဲ့ဝင်(၁၇)ဦးပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်တော်လှန်ရေး ကောင်စီကိုဖွဲ့စည်း၍ အဖွဲ့ဝင်(၈)ဦးပါရှိသော တော်လှန်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းခန့်အပ်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန နှစ်ရပ်ကိုပူးတွဲ၍ (ထိုစဉ်ကဝန်ကြီးကိုတာဝန်ခံ ဟူ၍ခေါ်ဝေါ်သည်) တာဝန်ခံတစ်ဦးက တာဝန်ယူဆောင်ရွက်ခဲ့သည်။
   ဖော်ပြပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်တော်လှန်ရေးကောင်စီသည် ၁၉၆၂ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင်ဝါဒသဘောထားကြေညာချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်တွင် ပညာရေးမူဝါဒဖော်ပြပါရှိခဲ့သည်။

 

Office Address and Location Map: 
တိုင်းပညာရေးမှူးရုံး
ရေးလမ်း၊ မြို့တွင်းရပ်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၃၉၆၁
ထားဝယ်ခရိုင်ပညာရေးမှူးရုံး
အထက(၂)ကျောင်းလမ်း၊ ဘုမ္မော်ရပ်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၃၉၉၅
မြိတ်ခရိုင်ပညာရေးမှူးရုံး
စပါးရွှေဝါလမ်း၊ ကံဖျားရပ်၊
မြိတ်မြို့
ဖုန်း - ၀၅၉ - ၂၃၉၉၅
ထားဝယ်မြို့နယ်ပညာရေးမှူးရုံး
အထက(၂)ကျောင်းလမ်း၊ ဘုမ္မော်ရပ်၊
ထားဝယ်မြို့
ဖုန်း - ၀၅၉ - ၂၁၂၂၇
ရေဖြူမြို့နယ်ပညာရေးမှူးရုံး
နတ်ရှင်နောင်လမ်း၊ (ဂ)ရပ်ကွက်၊
ရေဖြူမြို့
ဖုန်း - ၀၉ - ၄၉၈၅၂၇၁
လောင်းလုံးမြို့နယ်ပညာရေးမှူးရုံး
သီရိမင်္ဂလာလမ်း၊ (ဃ)ရပ်ကွက်၊
လောင်းလုံးမြို့
ဖုန်း - ၀၅၉ - ၃၃၀၀၈
သရက်ချောင်းမြို့နယ်ပညာရေးမှူးရုံး
လမ်းမတော်လမ်း၊ မြို့မရပ်ကွက်၊
သရက်ချောင်းမြို့
ဖုန်း - ၀၅၉ - ၃၅၁၀၈
မြိတ်မြို့နယ်ပညာရေးမှူးရုံး
အထက(၁)ကျောင်းလမ်း၊ မြစ်ငယ်ရပ်ကွက်၊
မြိတ်မြို့
ဖုန်း - ၀၅၉ - ၄၁၁၈၄
ပုလောမြို့နယ်ပညာရေးမှူးရုံး
အားကာလမ်း၊ အမှတ်(၂)ရပ်ကွက်၊
ပုလောမြို့
ဖုန်း - ၀၅၉ - ၃၀၁၂၄
ကျွန်းစုမြို့နယ်ပညာရေးမှူးရုံး
ဗိုလ်ချုပ်လမ်း၊ အမှတ်(၃)ရပ်ကွက်၊
ကျွန်းစုမြို့
ဖုန်း - ၀၅၉ - ၆၂၀၁၆
တနင်္သာရီမြို့နယ်ပညာရေးမှူးရုံး
ရှင်မအောင်သာလမ်း၊ ချောင်းကြီးရပ်၊
တနင်္သာရီမြို့
ဖုန်း - ၀၉ - ၄၉၈၉၈၆၀၆
ကော့သောင်းမြို့နယ်ပညာရေးမှူးရုံး
ပြည်တော်အေးဘုရားလမ်း၊ အဏ္ဏဝါရပ်ကွက်၊
ကော့သောင်းမြို့
ဖုန်း - ၅၁၁၁၈
ဘုတ်ပြင်းမြို့နယ်ပညာရေးမှူးရုံး
ရာဇာထိရဇ်လမ်း၊ ရွှေဘုံသာရပ်ကွက်၊
ဘုတ်ပြင်းမြို့
ဖုန်း - ၀၅၉ - ၅၀၀၂၃